spot_img
23 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းစစ်ကောင်စီက လျစ်လျူရှုထားတဲ့ Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦး ကို တော်လှန်ရေး...

စစ်ကောင်စီက လျစ်လျူရှုထားတဲ့ Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦး ကို တော်လှန်ရေး တပ်ပေါင်းစုံက ကယ်ထုတ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်စက်မှုကျောင်းက Non CDM ဝန်ထမ်း စုစုပေါင်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ကရင်နီ ပြည်တော်လှန်ရေး တပ်ပေါင်းစုံမှ သွားရောက် ကယ်ထုတ်ခဲ့တယ်လို့ ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်)မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) က ထုတ်ပြန်ထားပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း တွေကို လက်နက်ကြီးတွေ၊ တိုက်ပွဲတွေကြားထဲကနေ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ နဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ပရဟိတအသင်းတွေက ခက်ခက်ခဲခဲ သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီဖက် လွိုင်ကော်တက္ကသိုလ်က Non CDM ဆရာ/မတွေ နောက် မိသားစုဝင် အများစုဖြစ်ပါတယ်။ နောက်ပြီးတော့မှ ဒီဖက် ကျနော်တို့ စက်မှုကျောင်းက လွိုင်ကော်နားမှာ ရှိတဲ့ စက်မှုကျောင်းက တချို့ Non CDM တွေပါပါတယ်။ သူတို့ကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့ ခက်ခက်ခဲခဲ ခေါ်ထုတ်လာရတာပေါ့နော် သူတို့ကို စစ်ကောင်စီကနေ ထားခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကိုထားခဲ့တယ်။ ဒီတိုင်းပဲ သူတို့ ပိတ်မိပြီးတော့မှ ဒီတိုင်းထားခဲ့တယ်။ အမှန်ဆို ၁၁ ရက်နေ့ကတည်းက ထွက်ရင်ထွက်လို့ ရတယ်၊ ဒါပေမဲ့ မထွက်ဘူးပေါ့နော်။ အဲ့တာ ကျနော်တို့ကနေ ခက်ခက်ခဲခဲ သွားပြီးတော့မှ ကြိုလာရတယ်”လို့ ဦးဗညားက ဆိုပါတယ်။

ကယ်ထုတ်သွားတဲ့ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို လူ့အခွင့်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုနဲ့ အညီ လုံခြုံတဲ့နေရာမှာ ထားရှိပြီး စောင့်ရှောက်ပေးနေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး IEC က နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ တွေကို စီစဉ်ဆောင်ရွက်ထားတာ မရှိသေးတဲ့အတွက်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC ) ရဲ့ CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ ကိုးကားချက်တွေအပေါ် အခြေခံ၍ စီမံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ