spot_img
17 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီပြောင်းလဲမှုကြောင့် ဖျားနာသူ ၆၀၀ ကျော်ရှိနေ

ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီပြောင်းလဲမှုကြောင့် ဖျားနာသူ ၆၀၀ ကျော်ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီဥတုပြောင်းလဲမှု ကြောင့် နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာမှုတွေအဖြစ်များနေပြီး၊ အသက် ၅ နှစ် ကနေ ၁၇၊ ၁၈ နှစ် အရွယ်မှာ ပိုဖြစ်များနေတယ်လို့ ကရင်နီကျန်းမာရေးဌာန ( KnHD ) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။

“ ၅ နှစ် ၁၇ ၊ ၁၈ နှစ် အရွယ် မှာဖြစ်တာပေါ့နော်။ တပတ်အတွင်းမှာတော့ အားလုံးပြောမယ်ဆိုရင် တပတ်ထဲမှာ ၆၄၇ ဦး ဖြစ်တာပေါ့နော်။ အဲ့ထဲမှာအများဆုံးက ဖြစ်များတာ ၅ နှစ်ကနေ ၁၇ နှစ်အရွယ်ကလေးတွေပေါ့” လို့ နော်ခူဖော ကပြောပါတယ်။

အောက်တိုဘာလ အကုန်နဲ့ နိုဝင်ဘာလ အစောပိုင်းမှာ ဖျားနာမှုတွေစတင်ဖြစ်ပွားလာတယ်လို့ သိရပါတယ်။

“ကိုယ်ပူတယ် ပြီးတော့ ချောင်းဆိုးတယ်။ ချောင်းဆိုးတာ ကြာပြီပေါ့နော်။ အမြဲငိုတယ်။ အသက်ရှူကြပ်တယ်။ ပြီးတော့ ကိုယ်ပူလည်းပါတယ်ပေါ့‌နော် အရမ်းခက်ခဲတာပဲ။” လို့ အသက် ၄နှစ်အရွယ် ကလေးငယ်ရဲ့ မိခင်တဦးက ပြောပြပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းတွင်းက ဆေးပေးခန်းမှာ လူနာတွေများနေတာကြောင့် လူနာ အိပ်ဆောင်တွေ နေရာပြည့်နေသလို နေရာတွေတိုးချဲ့ ပြီး လုပ်ဆောင်နေရတယ်လို့ နော်ခူဖော က ပြောပါတယ်။

“ အရမ်းဖျားနာနေတဲ့ လူနာဆိုရင် ဆေးခန်းမှာပေးအိပ်ရတယ်။ ဆေးခန်းထဲမှာ နေရာတွေက အရမ်းနဲ့ ပြည့်နေပြီပေါ့ အရင်က အပြင်လူနာနေရာက ကျမတို့အနီးကပ်ကြည့်လူနာအဖြစ်နဲ့ထားပြီး ကျမတို့ ဆေးခန်းနေရာကို ထပ်ချဲ့ရတာပေါ့နော် “ လို့ နော်ခူဖော ကပြောပါတယ်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာတည်ရှိပြီး လူဦးရေ ၁ သောင်းဝန်းကျင် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ