spot_img
15.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းမိ

တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းမိ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မောက်ကျမ်ပယ်အုပ်စု၊ ပါပက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတဲ့ တပ်သားနှစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနက ရေးသားထားပါတယ်။

မြန်မာနယ်စပ်နဲ့ ၈ ကီလိုမီတာခန့်ဝေးတဲ့ ကျေးရွာတစ်ရွာမှာ တရားမဝင် ခိုးဝင်ရောက်လာတဲ့ နှစ်ဦးကို ကျေးရွာသူကြီးက မေးမြန်းစစ်ဆေးရာမှ အသက် ၃၁ နှစ်အရွယ် ဇော်မိုး နဲ့ အသက် ၂၄နှစ်အရွယ် သန်းထိုက်တို့ဖြစ်ပြီး နယ်စပ် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ (၅၁၉)ကနေ ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါ နှစ်ဦးဟာ ခမရ (၅၁၉)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဖြစ်ပြီး ထိုင်းဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ဖမ်းမိတာဟုတ်တယ်။ မယ်စပန်မှာ ဖမ်းထားတာ နှစ်ယောက်။ ၅၁၉ နဲ့တူတယ်လေ ခမရ ၅၁၉ ဒီတောင်ကတုံးဖက် တောင်ရင်းဖက်မှာပေါ့ ထွက်ပြေးတယ်လေ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အဆိုပါ ခမရ ၅၁၉ တပ်ကနေ ထွက်ပြေးလာတဲ့ တပ်သားနှစ်ဦးဟာ အရပ်သားအဖြစ် ဟန်ဆောင်ပြီး ထိုင်းနိုင်ငံဖက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက ခေါ်ယူထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နယ်စပ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ကရင်နီပြည် တပ်မတော်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ