spot_img
12.5 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု

ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု

-

ထျိုးမြာ

ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေအား ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)က အတည်ပြုခဲ့ကြောင်း သိရသည်။

ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်သို့ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာတင်ပြခြင်း၊ ပြတိုက်နှင့်စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန်အမည်စာရင်းတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် နေ့ရက်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အဆိုပါဥပဒေ(မူကြမ်း)အား အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားခြင်းမရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အစီရင်ခံစာအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့သည်။

တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခဲ့သည်။

 
 
 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ