spot_img
16.7 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းယာခင်းသွားတဲ့ အရပ်သားတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်၊ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၉ဦးဒဏ်ရာရ

ယာခင်းသွားတဲ့ အရပ်သားတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်၊ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၉ဦးဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဒီဇင်ဘာလ ၂၆) မနက်ပိုင်းက ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာဘက်မှာ ယာခင်းထဲသွားတဲ့ ဒေသခံအရပ်သားတွေကို စစ်ကောင်စီက ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ယာခင်းကို ထော်လာဂျီနဲ့ လာရင်း လောပိတမှာ 81 မမ (81 mm) နဲ့ ပစ်လာတာ ရွာသား (၉)ဦးထိသွားတယ်။ ပြီးတော့ မိန်းကလေး အသက်(၄၀)ဝန်းကျင် (၂)ဦးသေဆုံးသွားတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ လွိုင်ကော်မြို့ နန်းကွတ်၊ ဒေါတချ၊ ကလိုးခူ ရွာသား တွေဖြစ်ပြီး ထော်လာဂျီနဲ့ ယာခင်းထဲ သွားနေစဥ် လောပိတဘက်ကနေ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက် ၄၀ အရွယ် အမျိုးသမီးတွေဖြစ်ပြီး ကျန်တဲ့ ထိခိုက်ဒဏ်ရာရသူ ၉ ဦးမှာလည်း စိုးရိမ်ရတယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။ အဆိုပါစစ်ကောင်စီက ပစ်ခတ်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ