spot_img
21 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပင်လောင်းမြို့မှာ ခိုလှုံနေတဲ့ ၁၀ နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် ၈၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်ပွားနေ

ပင်လောင်းမြို့မှာ ခိုလှုံနေတဲ့ ၁၀ နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် ၈၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲကို ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ရှောင်တွေထဲမှာ ၁၀ အောက် ကလေးငယ် ၃၀၀ ကျော်ရှိပြီး ၈၀ ဦးဝန်းကျင်ဟာ ရာသီတုပ်ကွေးကြောင့် ဖျားနာနေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“၁၀ နှစ်အောက်တွေ ဖြစ်တာပိုများတယ်။ ကလေးတွေဖျားပြီဆို ချက်ချင်း ဆေးတွေ လာယူကြတယ်။ တစ်ချို့က အဝတ်အစားမလုံလောက်တာရှိတော့ ဖျားနာတာများတယ် အေးလို့။” လို့ ကရင်နီစစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကလေးတွေ ရာသီတုပ်ကွေးဖြစ်ကြတဲ့ လက္ခဏာတွေဟာ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယောင်၊ ဖျားနာတာတွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်ကလေးတွေအတွက် ဆေးဝါးတွေ လုံလောက် မှုမရှိတဲ့အပြင် တချို့စစ်ရှောင်စခန်းတွေမှာ ဆေးဝါးအကူအညီမရရှိဘူးလို့ ဆိုပါတယ်။

“ဆေးဝါးတွေကလဲ အလုံအလောက်မရှိတော့ ဘာမှမလုပ်ပေးနိုင်တဲ့ နေရာလဲရှိတယ်။ ပြီးတော့ ဆေးတွေလဲ သယ်လို့မရဘူး။ ပေးလဲ မသယ်ဘူး” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ် ။

ပင်လောင်းမြို့နယ်ထဲမှာ ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ၂သောင်းဝန်းကျင်ရှိနေပြီး အများစုကတော့ ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ