spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမြို့မှာတိုက်ပွဲမဖြစ်ပဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲ၊ နေရပ်ပြန် ခြံရှင်းတဲ့ အမျိူးသားတစ်ဦးသေဆုံး

ဒီးမော့ဆိုမြို့မှာတိုက်ပွဲမဖြစ်ပဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲ၊ နေရပ်ပြန် ခြံရှင်းတဲ့ အမျိူးသားတစ်ဦးသေဆုံး

-

ကန္တာရတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရပ်ကွက်အနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်မှာ စစ်ကောင်စီလေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါမနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ လေယာဥ်ဗုံးကြဲမှုကြောင့် အဆောက်အအုံတချို့ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူမှာ ဒေါတမငယ်ရပ်ကွက်မှာနေတဲ့ အသက် ၅၀ ၀န်းကျင် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ရပ်ကွက်ထဲမှာ အိမ်သန့်ရှင်းရေးပြန်လုပ်တယ်လို့ ပြောတယ်။ အဲ့တာ လေယာဥ်ဗုံးကြဲတာနဲ့ ထိပြီး ဆုံးသွားတာပေါ့။ တခြားလူတွေထပ်ထိခိုက်တာ ရှိမရှိတော့ မသိရဘူး။” လို့ ဒေါတမငယ်ရပ်ကွက်ကနေ စစ်ရှောင်သွားခဲ့သူတစ်ဦးက ပြောပြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဒေါတမငယ်ရပ်ကွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၁ခုနှစ် မေလ ၂၁ ရက်နေ့ကတည်းက စတင်စစ်ဘေးရှောင်ခဲ့ကြတာဖြစ်ပါတယ်။

လေယာဥ်ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး ကန္တာဝတီတိုင်း( မ် ) အနေနဲ့ ဆက်လက်စုံစမ်းနေပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်မှုအခက်အခဲတွေကြောင့် အတိအကျမသိရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ