spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းယမန်နေ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲ၊ စစ်ရှောင်တွေအတွက် သိုလှောင်ထားတဲ့ ဆန်ဂိုဒေါင် ပျက်စီးမှုရှိ

ယမန်နေ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲ၊ စစ်ရှောင်တွေအတွက် သိုလှောင်ထားတဲ့ ဆန်ဂိုဒေါင် ပျက်စီးမှုရှိ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို ဇန်နဝါရီလ ၁၉ရက်နေ့ ည သန်းခေါင်ယံ အချိန်မှာ စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆန်၊ရိက္ခာသိုလှောင်ထားတဲ့ ဂိုဒေါင် ထိမှန်ပြီးပျက်စီးသွားတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

အဲ့ဒီဂိုဒေါင်မှာ စစ်ရှောင်တွေအတွက် သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ နဲ့ ဆန်တွေ အပါအဝင် အဆောက်အဦးလည်း ပျက်စီးခဲ့တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“စကစ(စစ်ကောင်စီ)က လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ်။ ပေါင် ၅၀၀ဗုံး ၂လုံး လာချသွားတာဖြစ်ပြီး လူထိခိုက်မှု တော့မရှိဘူး။ ရိက္ခာဂိုဒေါင်တော့ ပျက်စီးသွားတယ် ဆန်နည်းနည်း အိတ်တွေတချို့နဲ့ ရိက္ခာသိုလှောင်တဲ့ အဆောက်အဦးလည်း သုံးဖို့အဆင်မပြေတော့ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ‌မရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ