spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနေရပ်ပြန် သန့်ရှင်းရေးလုပ်တဲ့ မိုးဗြဲမြို့ခံ တစ်ဦး မိုင်းနင်းမိ၊ မျက်လုံးနှစ်ဖက်လုံးအပြင် ခြေတစ်ဖက် ဆုံးရှုံးရ

နေရပ်ပြန် သန့်ရှင်းရေးလုပ်တဲ့ မိုးဗြဲမြို့ခံ တစ်ဦး မိုင်းနင်းမိ၊ မျက်လုံးနှစ်ဖက်လုံးအပြင် ခြေတစ်ဖက် ဆုံးရှုံးရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း- ကရင်နီနယ်စပ်က မိုးဗြဲ မြို့အတွင်းမှာ နေရပ်ပြန် သန့်ရှင်းရေးလုပ်တဲ့ အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိတာကြောင့် ခြေတစ်ဖက်နဲ့ မျက်လုံးနှစ်ဖက်လုံး ထိခိုက် ဆုံးရှုံးခဲ့ရတယ်လို့ မိုးဗြဲ ကူညီကယ်ဆယ်ရေး အဖွဲ့( Mobye Resume Team)က ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်‌နေ့) မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၂၃ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုင်းနင်းမိသူအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ကူညီကယ်ဆယ်‌ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေး ခဲ့ပြီး သက်ဆိုင်ရာဆေးရုံ ကို လွဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်းမှာလည်း လက်နက်ကြီးအပါအဝင် မြေမြုပ်မိုင်းနှင်းမိပြီး ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၁ ဦးရှိတယ်လို့ လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ အတည်ပြုပြောဆိုထားတာရှိပါတယ်။

ဒါ့အပြင် မိုးဗြဲ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ပွဲကုန်း (၁)၊ (၂)၊ (၃)၊ စည်းကားရပ်ကွက်၊ ဒုန်းဒူထန် ရပ်ကွက်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မိမိနေအိမ်ကို ပြန်လာနေထိုင်ခြင်း မပြုလုပ်ကြဖို့ မိုးဗြဲ PDF က အသိပေးထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ