spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ကလေးငယ်တွေမဟုတ်ဘဲ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေ သတင်းမှားဖြန့်ဝေ

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ကလေးငယ်တွေမဟုတ်ဘဲ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေ သတင်းမှားဖြန့်ဝေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီက ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ PDFတွေ ခိုအောင်းနေတာကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ကလေးငယ်တွေ သေဆုံးခြင်းမရှိဘဲ PDFများစွာ သေဆုံးတယ် ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ ရွှေနေကြာ ချန်နယ်ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖြန့်ဝေထားပါတယ်။

ဒီးမော့ဆိုမြို့နယ်က လွိုင်နန်းဖရွာ စာသင်ကျောင်းအ‌ဟောင်းမှာ PDF တွေခိုအောင်းနေထိုင်ကာ ဆေးကုသမှုများ ပြုလုပ်နေတာကြောင့် လေကြောင်းနဲ့ ချေမှုန်းခဲ့သလို ဒီးမော့ဆိုအနောက်ခြမ်း၊ စာသင်ကျောင်းထဲမှာလည်း ခိုအောင်းနေတဲ့ PDF တွေ တော်တော်များများထိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ပုံက ကလေးလက်ကို အသက် ၄၀ အရွယ် လက် ဖြစ်တယ်လို့လည်း ရေးသားထားတာရှိပါတယ်။

အကြောင်းအရာကို လေ့လာ စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီသုံးထားတဲ့ ပုံတွေဟာ ဒီးမော့ဆို အနောက်ခြမ်းက စာသင်ကျောင်းမှာ ဗုံးကြဲခံရမှုကြောင့် ခန္ဓာကိုယ် အပိုင်းအစ ပြတ်သွားပြီး သေဆုံးသွားတဲ့ ကလေးလက်နဲ့ ဦးခေါင်းစ ပုံတွေကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်မှာ ဖေ့ဘွတ်လူမှုစာမျက်နှာမှာ တင်ထားတဲ့ပုံကို ပြန်လည်အသုံးပြုပြီး သတင်းမှားဖြန့်ဝေနေတာဖြစ်ပါတယ်။

ရွှေနေကြာရဲ့ ရေးသားဖြန့်ဝေမှု မူရင်းလင့်– Archive လင့်  

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ဖြန့်ဝေတဲ့သတင်းနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာ သတင်းတု တစ်ခုသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

‌ဒေသခံတွေ ပြောဆိုချက်အပြင် ကရင်နီအခြေစိုက် သတင်းဌာန နဲ့ အခြားသော လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းတင်ဆက်မှုအပြင် ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့က စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့( Karenni Human Right Group) အနေနဲ့လည်း ဗုံးကြဲခံရပြီး ကျောင်းသားတွေ ထိခိုက်သေဆုံးမှု ရှိတဲ့အပေါ် စစ်ရာဇဝတ်မှုမြောက်ပြီး ကျုးလွန်သူကို ရှာဖွေပြီး အပြစ်ပေးနိုင်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားတာရှိပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ နဲ့ KnHRG ရဲ့တင်ပြမှုတွေကို

BBC- https://www.bbc.com/burmese/articles/c3g093z9r3do  

Kantarawaddy Times- https://www.kantarawaddytimes.org/66oc

Karenni Human Right Group-  https://www.facebook.com/profile.php?id=100076274553581  မှာ ကြည့်ရှုနိုင်ပါတယ်။

ဝါဒဖြန့်တယ်လီဂရမ်ကနေ Subscribers 7563 ရှိတဲ့ ရွှေနေကြာချန်နယ်က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ပြီး Like – 47 ၊ View – 25K ရှိပါတယ်။ အခြားသော စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ထပ်ဆင့်မျှဝေထားတာရှိပါတယ်။ ဆက်စပ်သတင်းမှား ဖြန့်ဝေမှုကို ဒီမှာ ဆက်စပ်သတင်းမှားလင့်– Archive လင့် ၊ ဆက်စပ်သတင်းမှားလင့်- Archive လင့် ကြည့်ပါ။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ စစ်ကောင်စီ ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့  ဗုံးကြဲမှုကို ဖုံးကွယ်ဖို့  စာသင်ကျောင်းမှာ PDF တွေ ခိုအောင်းနေတာကြောင့် တိုက်ခိုက်ရတာဖြစ်တယ်လို့ လိမ်လည်ဖြန့်ချိနေတာ ဖြစ်ပါတယ်။

factcheck / #သတင်းတု သတင်းမှား

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ