Homeသတင်း(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ SSRY ဆို

(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ SSRY ဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အမှတ် (၁၀၀၈) SSRY Eagle Force တပ်ရင်း မှ ဒီကနေ့ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုတ်ပြုကြိုဆိုပြီး တော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ်)ကို SSRY က ပေးပို့လာတဲ့ ဂုဏ်ပြုကြိုဆိုတဲ့ ဗီဒီယိုဖိုင်မှာ ကရင်နီ၊ ပအိုဝ်း၊ အင်း၊ ကရင်၊ ရှမ်း၊ ကယန်း၊ ဓနု၊ ဗမာ စတဲ့ ဒေသအသီးသီးက လူမျိုးပေါင်းစုံ တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ယူမှုအပိုင်းတွေကို မိတ်ဆက်ထားပြီး တူညီတဲ့ ဘုံရပ်တည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်းကို သစ္စာဆိုထားကြပါတယ်။

“တိုင်းရင်းသားညီကိုမောင်‌နှမများ စုပါင်းပြီးတော့ စစ်အာဏာရှင်နဲ့အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်သွားပါမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၈ တပ်ရင်း – SSRY မှာတာဝန်ထမ်းနေကြတဲ့ ရဲဘော်များမှ သစ္စာ အဓိဌာန်ပြုပါတယ်”လို့ အမှတ် ၁၀၀၈ တပ်ရင်းSSRY Eagle Forceမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

SSRY တပ်ရင်းက လူမျိုးစုတစ်ခုတည်းအပေါ် အခြေမခံဘဲ တောင်တန်း၊ ပြည်မ အရပ်‌ဒေသအသီးသီးကနေ လာကြတဲ့ တိုင်းရင်းသားလူမျိုး၊ ဘာသာပေါင်းစုံနဲ့ စုဖွဲ့တည်ထောင်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ရင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

SSRY တပ်ရင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်ရင်း ၂နှစ်ပြည့်ချိန်မှာတော့
Eagle Force တပ်ခွဲ – ၁ နဲ့ Cobra Force တပ်ခွဲ -၂ ဆိုပြီး ဖွဲ့စည်းထားပါတယ်။ ရှမ်းပြည်၊ ရှမ်း-ကရင်နီနယ်စပ်က တိုက်ပွဲတွေမှာ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ