spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်ပွားတဲ့ ၅ နှစ်အောက် ကလေးငယ် (၅၂၃)ဦးရှိ

ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်ပွားတဲ့ ၅ နှစ်အောက် ကလေးငယ် (၅၂၃)ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားတဲ့ ၅ နှစ်အောက် ကလေးငယ် (၅၂၃)ဦး ရှိတယ်လို့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။

“အထူးသဖြင့်ဆိုရင် ဒီ (၅) နှစ်အောက် ကလေးတွေ ပိုပြီးတော့မှ ဒီအသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါ တစ်ခု အဖြစ်များတယ်ပေါ့နော်။ ၅ နှစ်အောက်ကလေးတွေ ဖြစ်တယ်။ ဒီတစ်လ အတွင်းမှာ ဆိုလို့ရှိရင် ဒီတစ်လ ၃ ပတ်ပေါ့နော် ဒီ ဖေဖော်ဝါရီလ ပထမကနေ တစ်ရက်နေ့ကနေစပြီး ခု ရက်ထိ ဆိုလို့ရှိရင် (၅၂၃) ဦးလောက် ဒီရောဂါတွေ ခံစားနေရတာပေါ့နော် ဖြစ်ပေါ်နေတာပေါ့။ “လို့ နော်ခူဖောက ပြောပါတယ်။

ဆေးခန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလာရောက်ပြသသူ နေ့စဉ် ၂၀ဦးနဲ့ အထက်ရှိနေပြီး ဖေဖော်ဝါရီလ တစ်လအတွင်း စာရင်းအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိတဲ့အထဲ ၅နှစ်အောက် ကလေးငယ်က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားတဲ့သူတွေဟာ ကိုယ်ပူ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေး စတဲ့ လက္ခဏာဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ လက်ရှိ ဒုက္ခသည်စခန်းတွင်းက ဆေးပေးခန်းမှာ မသက်သာတဲ့ လူနာတွေကို ထားရှိတယ်လို့ ဆိုပါတယ်။

“သူ(ကလေး) အိပ်လို့ မရဘူး။ သူနှာခေါင်းတွေပိတ်နေတယ် ။အသက်မရှူတတ်ဘူး။ မိခင်နို့လည်း မစုတ်တတ်ဘူး။ ချောင်းဆိုးတယ် နှာစေးတယ်။” လို့ ကလေးငယ်မိခင်တစ်ဦးက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဟာ ရာသီဥတုအကူးအပြောင်းမှာ လူကြီးအပါအဝင် ကလေးငယ်တွေက အဖြစ်များကြတယ်လို့ သိရပါတယ်။ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာတည်ရှိပြီး လူဦးရေ ၁ သောင်းဝန်းကျင် ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ