spot_img
28.4 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ရှောင်စခန်းမှာ ဝက်မွေးမြူရေးအတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက ကူညီပေး

စစ်ရှောင်စခန်းမှာ ဝက်မွေးမြူရေးအတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက ကူညီပေး

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုမှာ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးအတွက် ဝက်သားပေါက်တွေကို ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ သွားရောက်ပေးဝေထားတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

စစ်ရှောင်ကာလ ကြာမြှင့်လာတာကြောင့် တစ်ဖက်တစ်လမ်း ဝင်ငွေရရှိအောင် နဲ့ အလုပ်အကိုင်ရရှိစေဖို့ စစ်ရှောင်အိမ်ရှင်မတွေအတွက် ကူညီပေးထားတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်မှာ အလုပ်တစ်ခုခုရှိဖို့ ရည်ရွယ်ပြီး ဝက်သားပေါက်တွေကို မွေးမြူခိုင်းတယ်”လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တချို့မှာ ကိုယ်ပိုင်မွေးမြူထားတဲ့ ကြက်တွေရှိပေမဲ့ ကြက်အနာကျ သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဒေသဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ စစ်ရှောင်တွေအတွက် အလုပ်အကိုင်တစ်ခုရရှိလာအောင် ရည်ရွယ်တာဖြစ်ပြီး ဝက်သားပေါက် အကောင်ရေ (၃၁) ကောင်ကို ပထမအသုတ်အနေနဲ့ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး ဝက်သားပေါက်ပေးဝေမှုကို မဲနှိုက်စနစ်နဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ