Homeသတင်းစစ်ဘေးရှောင် ဆယ်ကျော်သက်လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ Htel Phoe Music Learning Center

စစ်ဘေးရှောင် ဆယ်ကျော်သက်လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ Htel Phoe Music Learning Center

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်း မြေပြင်တစ်နေရာမှာ စစ်ဘေးရှောင်ဆယ်ကျော်သက် လူငယ်တွေအတွက် Htel Phoe Music Learning Center ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ၊ ဒေသခံတွေထဲက ဂီတကို စိတ်ပါဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတယ်လို့ Htel Phoe Music Learning Center ရဲ့ တာဝန်ရှိသူ ဆရာမ တစ်ဦးက ပြောပါတယ်။

“ဒီလူငယ်အပိုင်းတွေကို ဒီ Music နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့ ကလေးတွေကို ရည်ရွယ်ပြီးတော့ ဖွင့်ထားတာပေါ့နော်။ သူတို့ထဲက Music ဂီတ၊ ဒီ ကိရိယာ တီးခတ်ဖို့ စိတ်ဝင်စားတဲ့ ကလေးအတွက် အဓိက ရည်ရွယ် ဖွင့်ထားရခြင်းဖြစ်တာပေါ့။ ပြီးတော့ သူတို့ ပညာရေးလမ်းကြောင်း တစ်ခုအနေနဲ့ကော အသက်မွေးဝမ်းကျောင်း တစ်ခုနဲ့ကော အဲ့ဒီအချက်တွေကြောင့်ပဲ ရည်ရွယ်ထားပြီး ဖွင့်ထားခဲ့ခြင်းဖြစ်ပါတယ်“ လို့ သူက ပြောပါတယ်။

သင်တန်းကျောင်းမှာ ကျောင်းသူ/သား ဦးရေ ၃၆ ဦးရှိပြီး ဆရာ/မ ၁၆ ဦးကနေ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကာလ ၆ လ အထိ တက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းအိပ်ကျောင်းစား၊ အဆောင်နေစနစ်ကိုလည်း သတ်မှတ်ထားပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ပြီးပါက သင်တန်းဆင်းလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

သင်တန်းအတွင်း သင်ကြားရမဲ့ ဘာသာရပ်တွေကတော့ Violin ,Guitar ,Piano ,Recorder , Music Theory နဲ့ အခြားသော Lecture ဘာသာရပ်တွေဖြစ်တဲ့ English ,Crochet , Leadership တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ