spot_img
12.5 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းLoikaw local PDF တပ်သားသစ်ခေါ်ယူမှုမှာ ၃ရက်အတွင်း လူငယ် (၂၀)ဦး ပါဝင်လာ

Loikaw local PDF တပ်သားသစ်ခေါ်ယူမှုမှာ ၃ရက်အတွင်း လူငယ် (၂၀)ဦး ပါဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကနေပြီး စစ်မှုထမ်းဥပဒေ ကျင့်သုံးနေတဲ့ ကာလမှာ Loikaw Local PDF Alpha.2 ကနေ တပ်သားသစ်ခေါ်ယူနေတာရှိပြီး (၃)ရက်တာအထိ (၂၀)ဦး လာရောက်ပါဝင်တာရှိတယ်လို့ Loikaw Local PDF Alpha (2) ပြန်ကြားရေးနဲ့ တိုက်ခိုက်ရေး မှာ တာ၀န်ခံဖြစ်တဲ့ စောမိုးစက် ကပြောပါတယ်။

“ တပ်သားခေါ်ယူမှုနေရာမှာ လက်ရှိအချိန်ထိက လူဦးရေ (၂၀)လောက် ကျနော်တို့ ဆီမှာရှိနေတယ်။ နောက်ပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ ကမ်းလှမ်းချက်အပေါ်မူတည်ပြီးတော့ စီစစ်ပြီးတော့ လူငယ်တွေကို လက်တွဲခေါ်နေတယ်လို့ ပြောပါရစေ။“ လို့ တာ၀န်ခံ စောမိုးစက် ကပြောပါတယ်။

တပ်သားသစ်တွေကို ၂၀၂၄ခုနှစ်၊ မတ်လ(၁၂)ရက်နေ့ကစတင် ခေါ်ယူနေတာဖြစ်ပါတယ်။

“ မြို့ပေါ်မှာဆိုလို့ရှိရင်လည်း စစ်မှုမထမ်းမနေရဆိုတဲ့ သူတို့ထုတ်လိုက်တဲ့ ဥပဒေ က အသက်သွင်းနေပြီလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော။ အဲ့အတွက်ကြောင့် သူတို့(စစ်ကောင်စီ) လက်ထဲကို မပါသွားအောင်ရယ်၊ တော်လှန်ရေးစိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် ကျနော်တို့ လမ်းဖွင့်ပေးရင်း ကျနော်တို့တော်လှန်ရေးအရှိန်အဟုန်ကောင်းလာအောင် ရည်ရွယ်ချက်ထားပြီးတော့ တပ်သားအသစ်ခေါ်ယူခြင်းဖြစ်ပါတယ်ခင်ဗျာ။“ လို့ တာ၀န်ခံ စောမိုးစက် ဆက်ကပြောပါတယ်။

တပ်သားအသစ်အဖြစ် ပါဝင်လိုသူတွေမှာ လိုအပ်တဲ့အချက်တော့ကတော့ အသက် ၁၈နှစ်ကနေ ၄၀ နှစ်အတွင်းဖြစ်သူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စစ်ကောင်စီနဲ့ ဆက်နွယ်မှုမရှိသူ၊ မူဝါဒ စည်းကမ်းလိုက်နာနိုင်သူ၊ တော်လှန်ရေးမှာ စိတ်အားထက်သန်သူ နဲ့ Loikaw local PDF Alpha -2 မှာ အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

ပါဝင်လာတဲ့ တပ်သားသစ်တွေကို သင်တန်းပေးတာတွေနဲ့ စွမ်းဆောင်ရည်အလိုက် ပြန်လည်တာဝန်ချပေးတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်မမှာရှိတဲ့ တော်လှန်ရေးစိတ်ဝင်စားတဲ့လူငယ်တွေလည်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့၊ ချိတ်ဆက်ဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

Loikaw Local PDF မှာဆိုရင် Alpha 1, 2, 3, 4 အထိရှိပြီး Loikaw Local PDF Alpha.2 ဟာ ကယား/ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU)ကနေ ပြောင်းလဲဖွဲ့စည်းထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ