spot_img
17.7 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်ရှိ တဖူဒီးကူစစ်ရှောင်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေပြီး အကူအညီ လိုအပ်နေ

ဖရူဆိုမြို့နယ်ရှိ တဖူဒီးကူစစ်ရှောင်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေပြီး အကူအညီ လိုအပ်နေ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ဒိုးပရယ်အုပ်စုအတွင်းက တဖူဒီးကူ (ဖရူဆို) စစ်ဘေးရှောင်စခန်းမှာ နွေရာသီ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းမှာ နွေရာသီကာလအတွင်း နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာနဲ့ကြုံတွေ့ရပြီး အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့သာ ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ အကူအညီမရရှိတော့တဲ့အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေကိုရောက်ရှိနေတာကြောင့် ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

တဖူဒီးကူ(ဖရူဆို) စစ်ရှောင်စခန်းကနေ ရေအရင်းအမြစ်ရှိတဲ့ ရေထွက်ပေါက်မှာ အသွားအပြန် ၁၂မိုင်ခန့် သွားရောက်သယ်ယူရပြီး ကားတစ်စီးသယ်ယူစရိတ်အနေနဲ့ ကျပ်နှစ်သိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။ ရေဂါလံ ၁၅၀၀ ဆံတဲ့ ကားတစ်စီးကို သောက်သုံးရန်နဲ့ ချက်ပြုတ်ရန်အတွက် တစ်ပတ်ခန့်သာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၃၄ အိမ်၊ စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော်ရှိနေပြီး၊ ဖရူဆို ဒေသခံ အများဆုံးဖြစ်သလို တခြားမြို့နယ်၊ ကျေးရွာက ဒေသခံတွေလည်း စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းအားလုံးနီးပါးမှာ နွေရာသီ ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပြီး ရေအလှူရှင်လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်သူတွေနဲ့ စစ်ဘေးရှောင်တွေက အကူအညီတောင်းခံထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ