spot_img
28.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံPDF တပ်ရင်း (၂) မှ ပြုလုပ်တဲ့ "Helmets for hope - မျှော်လင့်ခြင်းရဲ့ ဦးထုပ်များ"ကမ်ပိန်း အားကောင်းဟုဆို

ဖယ်ခုံPDF တပ်ရင်း (၂) မှ ပြုလုပ်တဲ့ “Helmets for hope – မျှော်လင့်ခြင်းရဲ့ ဦးထုပ်များ”ကမ်ပိန်း အားကောင်းဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်းက ရှေ့တန်းရဲဘော်တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ “Helmets for hope – မျှော်လင့်ခြင်းရဲ့ ဦးထုပ်များ”ကမ်ပိန်းဟာ ကမ်ပိန်းရဲ့ ၁၆ ရက်နေ့မြောက်မှာတော့ Helmets ဦးထုပ် ၃၇ လုံးရရှိထားပြီး ကမ်ပိန်းအားကောင်းနေတယ်လို့ ကမ်ပိန်းရဲ့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။

အဆိုပါ ကမ်ပိန်းဟာ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂၊ ၁၀၀၆ တပ်ရင်း ထောက်ပို့ကနေ ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး မတ်လ ၃ ရက်နေ့ကနေ ဧပြီလ ၂၁ရက်နေ့အထိ ရက်ပေါင်း ၅၀ အတွင်း Helmets ဦးထုပ် အလုံး ၅၀ ရရှိဖို့ ရည်ရွယ်ထားပါတယ်။

“ဒီကမ်ပိန်းက ရက် ၅၀ လုပ်ထားတာပေါ့နော်။ အခု၁၆ ရက်နေ့မြောက်ရှိသွားပြီပေါ့။ဒီရက်ကတော့ ကမ်ပိန်း ၁၆ ရက်နေ့မြောက်‌ရောက်ပြီပေါ့နော။ အဲ့ဒီမှာ Helmets က အလုံး၃၇ လုံး ရပြီပေါ့။ ကျန်တဲ့အလုံးတွေလည်း ပြည်သူတွေ ထပ်ပြီး လိုနေသေးတာရှိတယ်ပေါ့နော။ လောလောဆယ်‌တော့ ၃၇ လုံးဝန်းကျင်ရပါပြီ။ ကမ်ပိန်းအခြေအနေကတော့ ကောင်းတယ်ပေါ့။” လို့ ကမ်ပိန်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Helmets ဦးထုပ် အလုံး ၅၀ အတွက် မြန်မာငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကုန်ကျစရိတ်ရှိပြီး ရှေ့တန်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးနိုင်တဲ့ ဦးထုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ်ပိန်းမှာ ပါဝင်ထောက်ပို့လိုသူတွေအနေနဲ့ NUG Pay၊ KBZ Pay၊ Wave Pay နဲ့ SDB bank တွေနဲ့ ပါဝင်အားဖြည့်နိုင်တယ်လို့ သိရပါတယ်။

“Helmets for hope – မျှော်လင့်ခြင်းရဲ့ဦးထုပ်များ” ကမ်ပိန်းအတွက် ပြည်သူတွေအနေနဲ့ ဆက်လက်ကူညီပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ