spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းရှေ့တန်းရဲဘော်တွေကို အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ပေးနိုင်ဖို့ ဆေးတပ်သားသင်တန်း ပြုလုပ်ခဲ့

ရှေ့တန်းရဲဘော်တွေကို အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ပေးနိုင်ဖို့ ဆေးတပ်သားသင်တန်း ပြုလုပ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းဖြစ်တဲ့ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းဟာ ရှေ့တန်းရဲဘော်တွေကို အထိခိုက်နည်းပြီး အရေးပေါ်ကယ်ဆယ်‌ရေးပြုလုပ်ပေးနိုင်ဖို့ အတွက် တခြားမဟာမိတ်တပ်ရင်းနဲ့အတူ ဆေးတပ်သားသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိကကတော့ အဲ့လို မြေပြင်လိုအပ်ချက်ဖြစ်တဲ့ ရှေ့တန်းမှာရဲဘော်တွေ ထိခိုက်မှုနည်းဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ပေါ့။”လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သင်တန်းကို တခြားမဟာမိတ်တပ်ရင်းဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကနေ မတ်လ ၂၈ ရက်နေ့အထိ နှစ်ပတ်တိတိ ပြုလုပ်ခဲ့ပြီး ရဲဘော်၊ ရဲမေ စုစုပေါင်း ၃၀ ဦး တက်ရောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

“လူဦးရေ ကန့်သတ်ထားတာမျိုး မရှိပါဘူးပေါ့နော်။ မြေပြင်လိုအပ်ချက်အရ သင်တန်းလုပ်တာဖြစ်တဲ့အတွက် မြေပြင်ကယ်ဆယ်ရေး စိတ်ဝင်စားသူ ရဲဘော်၊ ရဲမေ အများစုက လာတက်ကြပါတယ်။ ရဲမေက ၁၃ဦး ၊ ရဲဘော်က ၁၇ဦး တက်ခဲ့တယ်။”လို့ အဆိုပါတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဓါတ်ပုံ – DMO ၁၁၀၆ တပ်ရင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

လက်ရှိမှာလည်း သင်တန်းပြီးမြောက်သွားတဲ့ ရဲဘော်၊ ရဲမေတွေဟာ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြပြီလို့ သိရပါတယ်။ ရှေ့တန်း ဆေးတပ်သားတွေအတွက် ဆေးအိတ် နဲ့ ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ထောက်ပံ့ကူညီကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ