spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းစစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

-

ကန္တာရဝတီတိုင်း (မ်)

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းက စပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က မိုးဗြဲမြို့ အနီးက ခမရ ၄၂၂ တပ်ကို သိမ်းယူဖို့ တော်လှန်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ စစ်ကူ အင်အားတွေပို့ဆောင်ထားနိုင်မှုကြောင့် အပြီးသပ်မသိမ်းယူနိုင်ပဲ တပ်တွေကို ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“၄၂၂ စစ်ဆင်ရေးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အခုလောလောဆယ် အပြီးသတ်မသိမ်းနိုင်သေးတဲ့ အခြေနေမျိုးမှာတော့ရှိပါတယ်။ စစ်ကူတွေထပ်ရောက်လာတော့ အပြီးသတ်မသိမ်းနိုင်ဘူးလို့ပြောလို့ရပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ဧပြီလ တတိယပတ်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်လောက်က ဖယ်ခုံမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး ၄၂၂ တပ်စခန်းကို အင်အားဖြည့်ခဲ့တာလို့သူကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ခမရ ၄၂၂ တပ်ရင်းအတွင်း စစ်ကူအင်အားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကူလာတဲ့ လမ်းကြောင်းမှာလည်း ဖယ်ခုံမြို့ရှိ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ခမ၄၂၂ စခန်းသိမ်းတိုက်ပွဲဟာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ သုံးခဲ့တယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ