spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမှာ တစ်နှစ်ခွဲသားအရွယ် နွားပေါက် ကလေးများ သေဆုံးမှုရှိနေ

ဒီးမော့ဆိုမှာ တစ်နှစ်ခွဲသားအရွယ် နွားပေါက် ကလေးများ သေဆုံးမှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ပြီးခဲတဲ့ မေလ (၅) ရက်နေ့ တစ်ရက်ထဲမှာပဲ တစ်နှစ်ခွဲသား ဝန်းကျင်အရွယ် နွားပေါက်ကလေး (၄) ကောင် သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပေမဲ့ နေပူချိန်မြင့်တာကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အရမ်းပူလို့ ဖြစ်တာလား။ ဘယ်လို ဖြစ်တာလည်းမသိဘူး။ မနက်ပိုင်း အကောင်းကြီးနဲ့ သူ့ဟာသူသေတာ ရှိတယ်။ တချို့ကောင်ကျတော့ ခြေထောက်အရင်နာတယ် နောက်ရက်မှ သေတယ်။ ပေါင်ပုတ်လက်ပုတ် ပုံစံမျိုးနဲ့ တူတယ်။” လို့ နွားမွေးသူ တောင်သူတစ်ဦးက ပြောပြတယ်။

အဆိုပါကျေးရွာ နဲ့ အနီးတဝိုက်မှာတော့ တိရိစ္ဆာန် အကြောင်း သိကျွမ်းနားလည်တဲ့ ဆရာဝန်တွေလည်း မရှိလို၊ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းနဲ့ ကုသရမယ့် နည်းလမ်းတွေကိုလည်း မသိကြဘူးလို့ သူက ဆက်ပြောပါတယ်။

ခုလို နွားတွေသေဆုံးနေတာနဲ့ပါတ်သက်ပြီး ဆက်လက်ကြုံတွေ့လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ