spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဘောလခဲမြို့နယ်ရဲစခန်းမှ တပ်သားတစ်ဦး ကရင်နီပြည်တပ်မတော် ထံ လက်နက်နဲ့အတူ ခိုလှုံလာ

ဘောလခဲမြို့နယ်ရဲစခန်းမှ တပ်သားတစ်ဦး ကရင်နီပြည်တပ်မတော် ထံ လက်နက်နဲ့အတူ ခိုလှုံလာ

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က ( မေလ ၁၃ ) ရက်နေ့မှာ ကရင်နီပြည်တပ်မတော် KA ထံကို ဘောလခဲမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDM ပြုလုပ်ပြီး ခိုလှုံလာတယ်လို့ သိရပါတယ်။

G-3 သေနတ်အမျိုးအစားတစ်လက်၊ ကျည်တောင့် ၁၂၀ နဲ့ ကျည်ဘောက်တစ်ဘောက်နဲ့အတူ လာရောက်ခိုလှုံလာတယ်လို့ သိရပါတယ်။

ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဘောလခဲမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး KA ထံ ခိုလှုံလာကြောင်းကို အတည်ပြုပြောကြားပြီး “ကျနော်တို့ဆီကို လာတဲ့ CDM တွေကိုတော့ KSP လက်ထဲဘဲ အပ်ပါတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ယခင်နှစ် ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းမှာ ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်းက မြို့မရဲစခန်း နဲ့ ခရိုင် ရဲစခန်းကနေ KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်တဲ့ ရဲတပ်သား ၇ ဦးအထိ ရှိခဲ့ပါတယ်။ CDM ပြုလုပ်လာသူတွေကို လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးထားပြီး ခံစားခွင့်ဆုကြေးကိုလည်း ပေးအပ်ထားတယ်လို့ KNDF က ပြောဆိုထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်မှာရှိတဲ့ CDM ဌာနမှာ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာတွေလည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ