spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဘာသာရပ်က ၉ ခုနဲ့ စစ်ရှောင်လူငယ်တွေကို DOC သင်တန်းကျောင်း အခမဲ့ သင်ကြားပေးနေ

ဘာသာရပ်က ၉ ခုနဲ့ စစ်ရှောင်လူငယ်တွေကို DOC သင်တန်းကျောင်း အခမဲ့ သင်ကြားပေးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ဘေးရှောင် ပြည်သူလူထုတွေအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်အချင်းချင်း ပြန်လည်ကူညီသင်ကြားပေးတဲ့ Drop of Change (DOC) လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းဟာ ဘာသာရပ် ၉ ခုနဲ့ လူငယ်တွေကို အခမဲ့ သင်ကြားပို့ချပေးနေတယ်လို့ DOC ရဲ့ ကျောင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်၊ ချည်ထိုးပန်းထိုး၊ ဂီတာ၊ ကိုးရီးယားဘာသာစကား နောက် တရုတ် ပါတယ်။ နောက်ပြီးတော့ General Knowledge, General Knowledge မှာက Politic Leadership, Personal Pevelopment ,Gender Studies တွေ သင်ပေးတာပေါ့နော်။ DOC ကအသက်မွေးဝမ်းကျောင်းပညာကို အဓိကထား သင်ပေးတာဖြစ်တယ်။ ကွန်ပျူတာဆိုရင် ရုံးသုံးရုံးကို အဓိကထား သင်ပေးတယ်။ Word, Excel, Power point ပေါ့နော်။ အလုပ် လုပ်ငန်း ခွင်မှာ အသုံးချလို့ရတဲ့ဟာတော့သင်ပေးတယ်။ စက်ချုပ်ကတော့ အမျိုးသမီး ဝမ်းဆက်ရတဲ့အထိ သင်ပေးတယ်။ ချည်ထိုးပန်းထိုးကတော့ အမျိုး ၃၀ ကျော်သင်ပေးတယ်။ သူတို့ ယူနိုင်သလောက်ထိ သင်လို့ရတယ်။ ဂီတာကတော့ Family key အကုန် သင်ပေးတယ်။ ကိုးရီးယားလည်း ရက် ၄၀ မှာ ပါဝင်နိုင်တဲ့ စာနဲ့ စကားကို သင်ပေးပါတယ်” လို့ DOC ရဲ့ ကျောင်းအုပ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့(DOC) ကနေ ဖွင့်လှစ်ခဲ့တဲ့ အခမဲ့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းဟာ အပတ်စဥ် ၁၇ ကိုဖွင့်လှစ်နေပြီဖြစ်ပြီး အပတ်စဥ် ၁၆ ကိုတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ သင်တန်းအောင်မြင်ကြောင်းလက်မှတ် အပ်နှင်းခဲ့ပါတယ်။

အဆိုပါ အပတ်စဥ် ၁၆ မှာ သင်တန်းသားဦးရေ (၅၀၀) ကျော်နဲ့ ဆရာ/မပေါင်း ၂၃ ယောက်ပါဝင်ခဲ့သလို ပြီးမြောက်ခဲ့တဲ့ အပတ်စဥ်တိုင်းမှာလည်း သင်တန်းဦးရေ အများဆုံး ၅၀၀ တက်ရောက်ခဲ့တာရှိတယ်လို့ သိရပါတယ်။

DOC ကျောင်းဟာ ် စစ်ဘေးရှောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ထူကိုယ်ထကျောင်း တစ်ကျောင်းဖြစ်ပြီး ပါဝင်တက်ရောက်လိုသူတွေအတွက်လည်း ကန့်သတ်မှု မရှိဘဲ လူမျိုး ဘာသာ ကျားမ မရွေး အသက်အရွယ် အကန့်သတ်မရှိ လက်ခံသင်ကြားပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

အပတ်စဥ် အားလုံးဟာ နေရာပေါင်း ၂၁ နေရာမှာ ဖွင့်လှစ်ခဲ့သလို သင်တန်းသားဦးရေ ပေါင်း ၅၆၀၀ ကျော်သွားပြီလို့ ကျောင်းအုပ်တာဝန်ရှိသူက ဆိုပါတယ်။

အပတ်စဥ် တစ်ခုနဲ့တစ်ခုဟာ ဖွင့်လှစ်တဲ့နေရာ မတူဘဲ များသောအားဖြင့် ဒီးမော့ဆို နဲ့ ဖယ်ခုံမြို့နယ်မှာ ဖွင့်လှစ်ပြီး သင်တန်းကာလ ၁လ‌ကျော်ဖွင့်လှစ်ကြတာဖြစ်ပါတယ်။

Drop of Change လို့ခေါ်တဲ့ DOCကျောင်းဟာ အခမဲ့ သင်ကြားပို့ချပေးနေတဲ့‌ကျောင်းဖြစ်တာကြောင့် ကျောင်းသားတွေအတွက် ကော ကျောင်းသားမိဘတွေအတွက်ပါ ရင်ဆိုင်နေရတဲ့ ပညာရေးနှောင့်‌နှေးခြင်းကို တစ်ဖက်တစ်လမ်း အ‌ထောက်အကူဖြစ်စေမှာဖြစ်ပြီး အခမဲ့ပညာရေးကို ရှေ့ဆက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျောင်းအုပ်တာဝန်ရှိသူက ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ