Homeသတင်းကယားလီဖုလူငယ်အဖွဲ့မှ ၁၆ ရက်ကြာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်း ပို့ချပေးခဲ့

ကယားလီဖုလူငယ်အဖွဲ့မှ ၁၆ ရက်ကြာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်း ပို့ချပေးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းတစ်နေရာမှာ ကယားလီဖုလူငယ်အဖွဲ့မှ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းကို ၁၆ ရက်ကြာ ပို့ချသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းကို ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကနေ ၁၆ ရက်နေ့အထိပြုလုပ်ခဲ့ပြီး သင်တန်းသူ၊ သား ၄၃ ဦး တက်ရောက်ခဲ့တယ်လို့ ကယားလီဖုလူငယ်အဖွဲ့ဆီကနေ သိရပါတယ်။

သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသားတွေဟာ မိမိတို့ ရပ်ရွာဒေသက လူငယ်တွေကို ထပ်ဆင့် ပြန်ပို့ချခြင်းအစီအစဉ် ပြုလုပ်နေတယ်လို့ ကယားလီဖုလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သင်တန်းပြီးမြောက်ခဲ့တဲ့သူတွေကို သူတို့ရဲ့ ရပ်ရွာ ဒေသက လူငယ်တွေကို ဆင့်ပွားသင်တန်းတွေ ပေးခိုင်းတယ်။ ပြီးတော့ လူငယ်တွေနဲ့ပတ်သက်ပြီး စွမ်းရည်မြင့်တင်ရေးကို ရပ်ရွာမှာ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။” လို့ ကယားလီဖုလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၁၆ရက်ကြာ ပြုလုပ်ခဲ့တဲ့ သင်တန်းမှာ ကရင်နီသမိုင်း ၊ နိုင်ငံရေးဆိုင်ရာ ဖယ်ဒရယ် ဒီမိုကရေစီ ၊ Personal Development၊ လူငယ်ခေါင်းဆောင်မှုစွမ်းရည် ၊ လူ့အခွင့်အရေး ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှု ၊ Facilitation Skills ၊ Gender Based Violence awareness စတဲ့ ဘာသာရပ်တွေ ပို့ချခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ