spot_img
19.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်း၅ လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၂ မှုကို အမှုဖွင့်အရေးယူနိုင်ခဲ့တယ်လို့ KSP ဆို

၅ လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၂ မှုကို အမှုဖွင့်အရေးယူနိုင်ခဲ့တယ်လို့ KSP ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်အတွင်းမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၃၂ မှုကို အမှုဖွင့် အရေးယူနိုင်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

“ဒီ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ အဲဒီအထိမှာ ကျနော်တို့ မူးယစ်ဆေးဝါးအမှုပေါင်း ၃၂ မှုကို အရေးယူထားတာရှိပါတယ်ဗျ။ များသောအားဖြင့် ဖမ်းဆီးရမိတာက အများစုကပေါ့နော WY တွေပဲ ဖမ်းဆီးရမိတာများပါတယ်။” လို့ သူက ပြောပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းပြီး တရားရုံးတွေမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ KSP ကနေ နယ်မြေအလိုက် ကျေးရွာတွေနဲ့ ကျောင်းတွေမှာ မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောတာမျိုးတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ မူးယစ်ဆေးဝါးကတော့ အာဏာသိမ်းပြီးနောက်မှာ သုံးတဲ့လူတွေပိုများလာတယ်။ သူငယ်ချင်းတွေကလည်း သုံးလာကြတာတွေ့ရတယ်။ အလွယ်တကူဝယ်ယူလို့ ရနိုင်လို့ လည်းဖြစ်နိုင်ပါတယ်။” လို့ ဒီး‌မော့ဆိုမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ဆောင်ရွက်နေပေမယ့် သုံးစွဲမှုတွေက မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းပြီး တစ်နှစ်အတွင်း KSP ကနေ အမှုပေါင်း ၁၁၃ မှုကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ IEC တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IEC တရားရေးဌာနကနေလည်း စစ်သုံ့ပန်းနဲ့ မူးယစ်ဆေးဝါးအမှုတွေကို အများဆုံးစီရင်နေရတယ်လို့ IEC ရဲ့ တရားရေးဌာန ဌာနမှူးကြီး ခူတော်ရယ်အက်စ် က ကန္တာရဝတီတိုင်း( မ် ) ကို ဖြေကြားထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ