spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းရှားတောမြို့နယ်မှာ (၁၄၉)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနား ပြုလုပ်

ရှားတောမြို့နယ်မှာ (၁၄၉)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနား ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ရှားတောမြို့နယ် တစ်နေရာမှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၄၉)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

နေ့ထူးနေ့မြတ် ဖြစ်တဲ့ ကရင်နီအမျိုးသားနေ့ကို ပြည်သူလူထုတွေအနေနဲ့ မမေ့ပျောက်ဖို့ လိုအပ်ပြီး ကရင်နီအမျိုးသားနေ့ရဲ့ နောက်ခံသမိုင်းအကြောင်းကို သိရှိစေလိုတဲ့ ရည်ရွယ်ချက် နဲ့ ပြုလုပ်သွားတယ်လို့ အခမ်းအနားစီစဉ်သူတစ်ဦးက ပြောပါတယ်။

“လူထုတွေကို အဓိက အတူ စည်းရုံးချင်တယ် ပြီးလို့ရှိရင် ခွန်အားယူပြီးတော့ ရှေ့ဆက် လျှောက်လှမ်းမယ့် ခရီး တွေကို ကျမတို့ အတူလျှောက်လှမ်းချင်တယ် ဒီပွဲကို လုပ်ရခြင်း ဖြစ်တယ်ပေါ့နော်။ အမျိုးသားနေ့ရဲ့ နေထူးနေ့မြတ်ရဲ့ အကြောင်းအရာ နောက်ခံသမိုင်း တွေကိုလည်း ပေးသိချင်တာလည်း ပါတယ်ပေါ့” သူက ပြောပါတယ်။

အခမ်းအနားမှာတော့ တာဝန်ရှိသူတွေကနေ မိန့်ခွန်းပြောကြားခြင်း၊ ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် အပြင် တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ ၊ ရဲဘော်တွေ ၊ မိဘပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့မှာ ပြုလုပ်တဲ့ အခမ်းအနားနေ့ မတိုင်ခင်မှာလည်း ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ ကျေးရွာအလိုက် အားကစားပြိုင်ပွဲပြုလုပ်ခြင်း နဲ့ ဖျော်ဖြေရေး အစီအစဉ်ပြုလုပ်သွားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ