spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းစစ်ရှောင်စခန်းမှာ အိမ်တွင်းစီးပွားအတွက် လက်မှုပညာ အခမဲ့ သင်တန်းဖွင့်ပေး

စစ်ရှောင်စခန်းမှာ အိမ်တွင်းစီးပွားအတွက် လက်မှုပညာ အခမဲ့ သင်တန်းဖွင့်ပေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် လက်မှုပညာ အခမဲ့သင်တန်းကို ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။

ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အိမ်တွင်းစီးပွားအဖြစ် လုပ်ကိုင်သွားနိုင်တဲ့အထိ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့ သင်တန်းဖွင့်လှစ်မယ့် မသန္တာအောင်က ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။

“သူတို့အတွက် သင်ပေးတဲ့ ဒီလိုမျိုးသင်တန်းလေးတွေ ရှိတယ်ဆိုရင်ဘယ်လိုဖြစ်ဖြစ် ဒီဖက်မှာသာ သူတို့ ကြိုးစားသင်ယူမယ်ဆိုရင် ဘဝအတွက် အထောက်အကူတစ်ခုပဲဖြစ်မှာပေါ့နော်။ ဆရာမတော့ အဲ့လိုမျိုးစိတ်ကူးတယ်။ တွေးတယ်။အဲ့လိုရည်ရွယ်ထားတယ်ပေါ့။ အဲ့ဒီရဲ့ နောက်ဆက်တွဲမှာဆိုရင် အိမ်တွင်းစီးပွားရေးအနေနဲ့ပါ ဆက်ပြီး လုပ်သွားလို့ရတယ်ဆိုတဲ့အကြောင်းပါ ပြောချင်ပါတယ်။ ”လို့ မသန္တာအောင်က ဆိုပါတယ်။

သင်တန်းမှာ ချည်ထိုးတာ၊ စက်ချုပ်တာ၊ ခဲပန်းချီဆွဲတာ၊ စက္ကူခေါက်တာ စတဲ့ လက်မှုပညာလေးတွေကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းဦးရေ အကန့်အသတ်မရှိဘဲ အသက်အရွယ်အားဖြင့် ၁၅ နှစ် နဲ့ အထက် ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

သင်တန်းကို လာမယ့် သြဂုတ်လ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ ၂လကြာမြှင့်မှာ ဖြစ်ပါတယ်။ လက်မှုပညာကို စစ်ရှောင်စခန်းတွေမှာ ယခင်က သွားရောက်သင်ကြားပေးတာရှိခဲ့ပြီး လက်ရှိမှာတော့ သင်တန်းအနေနဲ့ အခမဲ့ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ