spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေအတွက် အကူအညီတောင်းခံ

ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေအတွက် အကူအညီတောင်းခံ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသားနဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် ကျောင်းသုံး ပစ္စည်းကိရိယာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လိုအပ်ချက်တွေများနေပေမဲ့ လက်ရှိမှာတော့ သင်ကြားရေးမှာ အရေးကြီးတဲ့ ကျောင်းသုံးပစ္စည်းတွေကို အကူအညီတောင်းခံချင်တယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဓိက ကျောင်းအတွက်ပေါ့နော်။ ဟိုတလောကလည်း အမိုးတွေ အဆင်မပြေတော့လို့ မိုးကာတွေလိုအပ်‌တယ်။ အခုကြတော့ ကျောင်းသုံးပစ္စည်းကိရိယာတွေဖြစ်တဲ့ ဗလာစာအုပ်တို့ နောက်ပြီး ဆရာ၊မတွေအတွက် Marker Pen တွေကောပေါ့နော်။ marker pen က အဓိက အရည်ပေါ့။ အရည်နဲ့ပဲ အဟောင်းကို ပြန်ဖြည့် အဲ့လိုသုံးလို့အဆင်ပြေအောင်ပေါ့နော်။ အဲ့တာလေး အဓိက ပိုတောင်းဆိုချင်တာပါ။”လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။

white board ၊ ပုံဆွဲစာအုပ်၊ ကျောင်းသင်ရိုးညွန်းတမ်းစာအုပ်၊ ခဲတံ၊ မှင်ရည်၊ မှင်တံ စတဲ့ အခြေခံကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းဆရာ ၊ ဆရာမ ၇ ဦး၊ ကျောင်းသားဦးရေ (၉၃)ဦးရှိပြီး Grade – 6 အထိ ဖွင့်လှစ်ထားပါတယ်။

အလှူရှင်အဖွဲ့တွေအနေနဲ့ လာရောက် လှူဒါန်းပေးတာမျိုးရှိပေမဲ့ မလုံလောက်တာကြောင့် ထပ်မံတောင်းဆိုရခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“အလှူရှင် တို့ IEC အဖွဲ့တို့က လှူပေးထောက်ပံ့ပေးတာမျိုးရှိပါတယ်။ အလှူရှင်တွေ လာကူပေးတာမျိုး ရှိဖူးပါတယ်။ IEC အောက်က ကျောင်းပါပဲ ထောက်ပံ့မှုလည်းတချို့ရပါတယ်။ လုံလောက်မှုတွေမရှိဘူး အဲ့လိုပေါ့နော်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဖြစ်တာကြောင့် အလှူရှင်တွေ လာရောက်နိုင်မှု အားနည်းသလို လက်ရှိ စာသင်‌‌ကျောင်းက ကလေးတွေကိုလည်း အာဟာရတိုက်ကျွေးနိုင်မှုလည်း မရှိဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။ အဆိုပါ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ အိမ်ခြေ ၇၂ အိမ်နဲ့ စစ်ရှောင်ဦးရေ ၃၆၈ ဦး ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ