spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းပျောက်ဆုံးနေတဲ့ ဖရူဆိုလူငယ် ၂ ဦး ၁လကြာတဲ့အထိ မတွေ့သေး၊ ကူညီရှာဖွေပေးဖို့ မိသားစုဝင်တွေ အကူအညီတောင်း

ပျောက်ဆုံးနေတဲ့ ဖရူဆိုလူငယ် ၂ ဦး ၁လကြာတဲ့အထိ မတွေ့သေး၊ ကူညီရှာဖွေပေးဖို့ မိသားစုဝင်တွေ အကူအညီတောင်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်၊ ထီးဗျားညေ ကျေးရွာက ပျောက်ဆုံးနေတဲ့ ၁၉ နှစ် အရွယ် လူငယ်နှစ်ဦးကို တလကြာတဲ့အထိ အဆက်အသွယ်ပြန်မရသေးတာကြောင့် ကူညီရှာဖွေပေးဖို့ မိသားစုဝင်တစ်ဦးက တောင်းဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ မော်ချီးကနေ အလုပ်လုပ်ပြီးပြန်လာကြတာဖြစ်ပြီး ယနေ့ ဩဂုတ်လ ၉ ရက်နေ့အထိ အဆက်အသွယ်တစ်စုံတရာ မရရှိသေးဘူးလို့ဆိုထားပါတယ်။

“အကူအညီ တောင်းချင်သေးတယ်၊ ထပ်မံရှာကူပေးဖိုပေါ့နော၊ ဒါပေမယ့် တချိုကလည်း ပျင်းလာပြီဆိုတော့ အားလည်းနာတယ်၊ တချို့က သွားရှာခိုင်းကြည့်မယ်ဆိုတော့လည်း ခရီးက ဝေးနေတော့ မပျော်ဘူးဖြစ်နေတယ်၊ အကူအညီ တောင်းချင်တယ်၊ တောင်းလည်းတောင်းနေတာပေါ့နော” လို့ ပျောက်ဆုံးနေသူ လူငယ်နှစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ပျောက်ဆုံးသူတွေကို နန်းဖဲကျေးရွာအနီးမှာ နောက်ဆုံးတွေ့ရှိထားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပြပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၁၉ နှစ် အရွယ် ခူးဘျားရယ်နဲ့ ခူးမီရယ်တို့ဖြစ်ပြီး ဖရူဆိုမြိုနယ် ထီးဘျားညေ ကျေးရွာမှာ နေထိုင်တယ်လို သိရပါတယ်။

လက်ရှိမှာတော့ သူတို့ မိသားစုဝင်တွေ အပြင် ကျေးရွာဒေသခံတွေနဲ့. တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လိုက်လံစုံစမ်းနေပေမယ့် တစ်စုံတစ်ရာ ကြားသိရတာ မရှိသေးဘူးလို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ