spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်း(၇၄)နှစ်မြောက် "ကရင်အမျိုးသား အာဇာနည်နေ့" ကို မော်ချီး ကရင်လူငယ်များ ဂုဏ်ပြု ကမ်ပိန်းပြုလုပ်

(၇၄)နှစ်မြောက် “ကရင်အမျိုးသား အာဇာနည်နေ့” ကို မော်ချီး ကရင်လူငယ်များ ဂုဏ်ပြု ကမ်ပိန်းပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ကရင်လူငယ်တွေကနေ ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ “ကရင်အမျိုးသားအာဇာနည်နေ့” ကို ဂုဏ်ပြုသောအားဖြင့် ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

“ကရင်နီပြည်မှာဆို ကရင်လူဦးရေဟာ ၂သောင်းကျော်၊ ၃သောင်းနီးပါးရှိပါတယ်။ အများအားဖြင့် ပကူးကရင်လူမျိုးပေါ့။ ဒါပေမဲ့ ကရင်နီပြည်မှာရှိတဲ့ ကရင်တွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို မသိနားမလည်ကြတော့ဘူး။ ကိုယ့်ကိုကရင်တောင်မေ့နေတဲ့ တချို့ကရင်တွေရှိတယ်။ အဲ့ကြောင့် ကိုယ့်ဒေသက ကရင်တွေကို ကိုယ့်အမျိုးသားရေးနဲ့ ပြန်နီးစပ်အောင် ကရင်တမျိုးသားလုံးအရေးဟာ ကရင်နီပြည်မှာရှိတဲ့ ပကူးကရင်နဲ့သက်ဆိုင်သလို ဘယ်မှာနေနေတဲ့ ကရင်လူမျိုးဖြစ်ဖြစ် မျိုးနွယ်စုအရ ကွဲပေမဲ့ ကိုယ့်ကရင့်အမျိူးသားရေးဟာ ကရင်တိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာ သိစေချင်လို့ ဒီကမ်ပိန်းလေးကိုလုပ်ရခြင်းဖြစ်ပါတယ်” လို့ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်တဲ့ ကရင်လူငယ်တစ်ဦးက ပြောပါတယ်။

ယခင် နိုင်ငံရေးကောင်းစဉ်က “ကရင်အမျိုးသားအာဇာနည်နေ့” ကို ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး ၊ ဘာသာရေးကျောင်းတွေမှာ အကျဉ်းချုံး ပြုလုပ်လေ့ ရှိကြတယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသားရဲ့ အထိမ်းအမှတ်နေ့ဖြစ်တာကြောင့် အခမ်းအနားနဲ့ ကျင်းပပြုလုပ် လိုပေမယ့် ပါဝင်မှုအားနည်းနေကြတယ်လို့ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်တဲ့ ကရင်လူငယ်တစ်ဦးက ဆက်ပြောပါတယ်။

“ဒီကာလမှာလည်း အခမ်းအနားနဲ့ သေသေချာချာနဲ့ ကရင်နီပြည်မှာရှိတဲ့ကရင်တွေ ကိုယ့်အမျိုးသား နေ့ထူးနေ့မြတ်တွေကို ပြန်သတိရ အောက်မေ့အောင် လုပ်ချင်ပေမဲ့ ကျနော်တို့လူငယ်နဲ့ပဲလုပ်ဖို့ အင်အားမရှိဘူး” လို့ သူက ပြောပါတယ်။

ကော်ခိုစောဘဦးကြီး ချမှတ်ထားတဲ့ မူ လေးချက် ဖြစ်တဲ့
၁။ လက်နက်ချစကားအလျဥ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးရမည်။
၄။ ကရင်ပြည်ကိုအသိမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်။
စတဲ့ စာသားများကိုင်ဆောင်ပြီး မော်ချီးဒေသ ကရင်လူငယ်တွေကနေ ကမ်ပိန်းပြုလုပ်သွားတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ