spot_img
19.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းNew Horizon Institute ရဲ့အပတ်စဥ် (၂) ကျောင်းသား၊ကျောင်းသူ ၂၁ ဦးကို ဒီပလိုမာလက်မှတ်ပေးအပ်ခဲ့

New Horizon Institute ရဲ့အပတ်စဥ် (၂) ကျောင်းသား၊ကျောင်းသူ ၂၁ ဦးကို ဒီပလိုမာလက်မှတ်ပေးအပ်ခဲ့

-

ကန္တာရ၀တီတိုင်း(မ်)

“အသစ်သောမိုးကုတ်စက်ဝန်းများ”လို့ အမည်ရတဲ့ New Horizon Institute ရဲ့ကျောင်းသား၊ ကျောင်းသူတွေကို ဒီပလိုမာ လက်မှတ်ပေးအပ်တဲ့ အခမ်းအနားတရပ်ကို သြဂုတ်လ ၁၀ရက်နေ့က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီကျောင်းကို စိတ်ရှည်လက်ရှည်နဲ့ နှစ် နှစ်တာ ကာလအတွင်းမှာပေါ့ ကြိုးကြိုးစားစားတက်ရောက်သွားတဲ့ သားသမီးတွေကို ကျမတို့ကဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်။ ပြီးတော့ Motivate လုပ်ချင်တယ်။ ခွန်အားပေးစကားပြောချင်တယ်။ သူတို့ကိုသင်တန်းပြီးစီးသွားတယ်ဆိုတဲ့ certificate လေးကိုပေးအပ်တယ်။ သူတို့ရဲ့မိဘမောင်နှမတွေကိုလည်း ဝမ်းသာစေချင်တယ်ပေါ့။ သူတို့ဒီနှစ် နှစ်တာ ကာလအတွင်းကို သူတို့ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ပြီ ဆိုတာလေးကို ကျမတို့ကအားပေးစကားပြောချင်တဲ့ရည်ရွယ်ချက်လေးဘဲဖြစ်ပါတယ်။” လို့ New Horizon Institute ကျောင်းအုပ်ဆရာမ စန္ဒာမိုးမြင့် ကဆိုပါတယ်။

ဒီပလိုမာလက်မှတ် အပ်နှင်းတဲ့ အခမ်းအနားမှာ အားပေးအမှာစကား ပြောကြားတာ၊ ဖျော်ဖြေရေးအစီအစဥ်နဲ့ လက်မှတ်အပ်နှင်းတာတွေကို ပြုလုပ်ခဲ့ပါတယ်။

“ကျွန်မတို့ Batch 2 ကျောင်းပြီးတဲ့အခါမှာတော့ ဒီတိုင်း ကျောင်းပြီးသွားတာမျိုး မရှိဘဲနဲ့ Batch2 ကျောင်းသူ/သားတွေပေါင်းပြီး Saving Grace ဆိုပြီးဖွဲ့ထားတာရှိတယ်။ အဲ့ဒီGoupကနေ ကရင်နီပြည်နယ်မှာရှိတဲ့ ကျောင်းသူ/သားများ ပညာရေးနဲ့ပတ်သတ်ပြီးတော့မှ လည်ပတ်မှာ ဖြစ်ပါတယ်။ ကျမတို့Vission ၊ Mission ကတော့ No One Left Behind နဲ့ No Uneducated in keranni ဆိုပြီးဖြစ်ပါတယ်။ တက်နိုင်တဲ့ဘက်ကနေ အရင်စတင်မယ်။ တစ်ဖက်တစ်လမ်းကနေ ကရင်နီပြည်နယ်မှာ အခြေခံစာမတတ်မြောက်တဲ့လူ မရှိရလေအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ နှစ်နှစ်တာ ကျောင်းပြီးမြောက်သွားတဲ့ ကျောင်းသူ မက်(စ်) ကဆိုပါတယ်။

New Horizon Institute ရဲ့ဒီပလိုမာလက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ကျောင်းသားမိဘ‌တွေ ၊ လူမှုရေးအသင်းအဖွဲ့က ဧည့်သည်တော်တွေ၊ ဒေသခံရွာသူ၊ရွာသားတွေလည်း တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၃၀၀ ကျော်ပါဝင်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ