spot_img
15.3 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းရဲအင်အားပြည့်မီဖို့ အသက် ၁၈နှစ်အထက်တွေကို ပါဝင်ဖို့ KSP ဖိတ်ခေါ်

ရဲအင်အားပြည့်မီဖို့ အသက် ၁၈နှစ်အထက်တွေကို ပါဝင်ဖို့ KSP ဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲဌာန(KSP) ဖွဲ့စည်းခြင်း ၃နှစ်အတွင်းမှာ ရဲတပ်သား အင်အား ( ၁၀၀၀ ) ပြည့်ဖို့မျော်မှန်းထားပေမဲ့ လက်ရှိမှာ ရဲအင်အား ၆၀၀ ကျော်သာရှိသေးတာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသား ပြည်သူတွေ ပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့ KSP သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ရဲ့ မျော်မှန်းချက်က ၁၀၀၀ ပေါ့နော် အခုက ၆၃၈ ရှိပြီဆိုတော့ နောက်ထပ် ၃၀၀ ကျော်လောက်လိုသေးတာပေါ့နော် ၁၀၀၀ ပြည့်ဖို့ဆိုရင်။ အဲ့တာကြောင့်မို့ ကရင်နီပြည်ရဲ့ ရဲတပ်ဖွဲ့၊ ရဲဌာနပေါ့နော် အဖွဲ့ဝင်ဖြစ်ဖို့အတွက် ဒီ အသက်၁၈နှစ်ပြည့်ပြီးသား ပြည်သူတွေကို ကျ‌နော်တို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ကိုဘိုဘိုက ပြောပါတယ်။

လက်ရှိ ရဲဌာနမှာ အဖွဲ့ဝင်အတွေအနေနဲ့ အမျိုးသား ( ၄၅၈) နဲ့ အမျိုးသမီး ( ၁၈၀) စုစုပေါင်း ၆၃၈ ဦးရှိပါတယ်။
အခြေခံ ရဲသင်တန်းကို အမှတ်စဥ်(၁)ကနေ (၈) ထိအပြင် ရဲအရာရှိသင်တန်း အမှတ်စဥ်(၁) ကို‌လည်း KSP က ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ထပ်မံ ဝင်ရောက်လာမည့် ရဲတပ်သားတွေကို မူလလုပ်ဆောင်ချက်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှု နဲ့ လုံခြုံရေး စတဲ့လုပ်ငန်းတွေမှာ ပြန်လည်ခန့်အပ်သွားမှာဖြစ်တယ်လို့ ကိုဘိုဘိုက ပြောဆိုပါတယ်။

KSP ဖွဲ့စည်းပြီးနောက် တစ်နှစ်ထက်တစ်နှစ် ရဲစခန်းတွေ လုံခြုံရေးကင်းတွေ တိုးချဲ့ ဖွင့်လှစ်လာနိုင်ပြီး ရဲအင်အားတိုးလာတာကြောင့် လုပ်ဆောင်ချက်တွေ ပိုလုပ်ဆောင်လာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အရေးကြီးတဲ့နေရာတွေ အမှုအခင်းဖြစ်နိုင်ချေများတဲ့ နေရာမျိုးတွေ လူစည်ကားတဲ့နေရာမျိုးတွေမှာ လုံခြုံရေးအရ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ၊ ကင်းလှည့်တာတွေ ဆောင်ရွက်နေတာရှိတယ်လို့ ဆိုပါတယ်။

KSP အနေနဲ့ ကရင်နီပြည်နယ်အတွင်းက အရေးကြီးတဲ့ နေရာတွေ မြို့ရွာနဲ့ လုံခြုံရေးတွေကို တာဝန်ထမ်းဆောင်နိုင်ပြီး ဆက်လက်ကြိုးပမ်း စေလိုကြောင်းကို KSP ၃နှစ်ပြည့်အခမ်းအနားမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ပြောဆိုထားတာရှိပါတယ်။

အာဏာသိမ်းပြီးနောက် CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန (KSP) ကို ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ၃နှစ်အတွင်း ရဲစခန်း ( ၁၄ ) ခု ၊ လုံခြုံရေး ရဲကင်း (၁၇)ခု ၊ မြို့နယ် ရဲဌာနရုံး ( ၅ ) ခုကို ဖွင့်လှစ်ဆောင်ရွက်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ