spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းစစ်ဘေးရှောင်စခန်းတချို့မှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ကြက်တွေ ထပ်မံ သေဆုံးနေ

စစ်ဘေးရှောင်စခန်းတချို့မှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ကြက်တွေ ထပ်မံ သေဆုံးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ကြက်တွေ မိုးရွာသွန်းမှု ရက်ဆက်နေတဲ့ ဒီသီတင်းပတ်အတွင်းမှာ ကြက်နာကျပြီး သေဆုံးနေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ပြောပါတယ်။

“ကြက်ကတော့ ဆက်တိုက်သေနေတာပဲ၊ အကြီးရော၊ အသေးရောပေါ့။ မိုးရွာတဲ့ ဒီအတောအတွင်းက ပိုဖြစ်တာပေါ့။”လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

စားဝတ်နေရေးကို အထောက်အကူဖြစ်စေဖို့အတွက် စစ်ရှောင်အိမ်တိုင်းလိုလိုမှာ ဝက်၊ ကြက် မွေးမြူထားကြတာပါ။ ပြီးခဲ့တဲ့ လတွေမှာလည်း အိမ်မွေးဝက်တွေ သေဆုံးတာရှိပြီး၊ ယခုလမှာတော့ ဆက်တိုက်ဆိုသလို ကြက်သေဆုံးနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အခုလို အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးနေပြီး ကုသပေးနိုင်တဲ့ တိရိစ္ဆာန်ဆရာဝန်တွေလည်း မရှိဘူးလို့ ဆိုပါတယ်။ သေဆုံးတဲ့ ကြက်အရေအတွက်ကို မသိပေမဲ့ တော်တော်များများသေဆုံးပြီး အမျိုးထားစရာ ကြက်တွေမရှိတော့တဲ့အထိ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“ကြက်မွေးတယ်၊ ဝက်မွေးတယ်ဆိုတာ မိသားစု အတွက် အများကြီး အထောက်အကူပြုတယ်၊ (ဥပမာ – ရိုးရာပွဲတစ်ခုရှိမယ် ဆိုရင် ဝယ်စရာမလိုပဲ၊ အိမ်အောက်ကနေပဲ ဖမ်းစားလို့ရတယ်၊ ဒါမျိုးကိုလည်း အကျိုးပြုတယ်။” လို့ တပိုင်တနိုင်မွေးမြူရေးလုပ်နေတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ ဝက်တွေ၊ ကြက်တွေ သေဆုံးတာ နှစ်စဥ် နှစ်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ