spot_img
27.8 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းရေကြီးနေတဲ့ မိုးဗြဲမြို့မှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေ မသန့်ရှင်းတဲ့ရေတွေ သုံးစွဲနေရ၊ အရေပြားရောဂါတွေဖြစ်ပွားနေ

ရေကြီးနေတဲ့ မိုးဗြဲမြို့မှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေ မသန့်ရှင်းတဲ့ရေတွေ သုံးစွဲနေရ၊ အရေပြားရောဂါတွေဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်မှာရှိတဲ့ မိုးဗြဲဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ မိုးဗြဲရေကာတာ ဖောက်ချမှုနောက်ဆက်တွဲ ရေကြီးမှုတွေကြောင့် မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရပြီး အရေပြားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ မိုးဗြဲစစ်ရှောင် ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

“အရေအပြားရောဂါလည်း ဖြစ်ကြတာပေါ့နော့ ။ ပျောက်ကင်းသွားတာရှိသလို အချို့ မပျောက်ကင်းသေးတာလည်းရှိပါတယ်။ ပျောက်ပြီးပြန်ဖြစ်တာမျိုးပေါ့။ ကျနော်ကိုယ်တိုင်တောင် ဒီအရေအပြားယားယံတာကို ခံစားနေရပါတယ်”လို့ အဆိုပါ မိုးဗြဲ စစ်ဘေးရှောင်ကော်မတီဝင်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်မှာ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ကနေ ဒုတိယအကြိမ် ဆည်ရေဖောက်ချခဲ့တာဖြစ်ပြီး ဆည်အောက်ဘက်က မိုးဗြဲမြို့နဲ့ ဒီးမော့ဆိုမြို့နယ်ထဲက လယ်တွေနဲ့ ကျေးရွာ တချို့ ရေထပ်မံ နစ်မြုပ်သွားတာပါ။

စစ်ဘေးရှောင်တွေကတော့ ရေကြီးနေပေမဲ့ ရွေ့ပြောင်းနေထိုင်ဖို့ အခက်အခဲရှိတာကြောင့် သူတို့မူလနေထိုင်တဲ့ နေရာမှာသာ ဆက်လက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

သောက်သုံးရေအတွက် မိုးရေကို အဓိကထားသိုလှောင်ထားပေမဲ့ သန့်ရှင်းမှုမရှိတာကြောင့် အရေပြားယားနာတာတွေ ဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာ ပထမအကြိမ် မိုဗြဲရေကာတာရေ ဖောက်ချမှုကြောင့် ထောင်နဲ့ချီတဲ့ လယ်ဧကတွေ နစ်မြုပ်သွားခဲ့ပါသေးတယ်။ ပထမအကြိမ်ရေကြီးမှုမှာလည်း ရေဘေးတိမ်းရှောင်နေရတဲ့ မိုးဗြဲစစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေကို သုံးစွဲရပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှုတွေ ဖြစ်ပွားခဲ့တယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ