Homeမာလ်တီမီဒီယာဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ အထက်တန်းကျောင်း နှစ်ကျောင်း ပထမဆုံးအကြိမ် Students Exchange Activity ပြုလုပ်

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ အထက်တန်းကျောင်း နှစ်ကျောင်း ပထမဆုံးအကြိမ် Students Exchange Activity ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ အထက်တန်းကျောင်းနှစ်ကျောင်းကနေ ပထမဆုံးအကြိမ် Students Exchange Activity ကို စက်တင်ဘာလ ၁၉ ရက်ကနေ ၂၀ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Students Exchange Activityကို ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ “မောလီးရို”ကျောင်း နဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ “ဆိုရူးဖုဒူ”ကျောင်း နှစ်ကျောင်းကနေ စုပေါင်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။

အဆိုပါ စာသင်ကျောင်း ၂ ကျောင်းဟာ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွေမှာ မောလီးရို စာသင်ကျောင်းတစ်ကျောင်းထဲမှာ စုပေါင်းပညာ သင်ကြားခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကျောင်းပိတ်ခဲ့ရပြီး တကွဲတပြား နေရာရွေ့ပြောင်းခဲ့ရတာပါ။ အခုအခါမှာတော့ ကျောင်းသူကျောင်းသားတွေ ပြန်လည် စုစည်း ၊ ရင်းနှီးစေလိုတာကြောင့် အခုလို Students Exchange Activity ပြုလုပ်ရခြင်းဖြစ်တယ်လို့“ဆိုရူးဖုဒူ”ကျောင်းမှာ ကလေးတွေကို ပညာသင်ပေးနေတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“အခု ဒီပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ဒီအစပိုင်း စစ်ရှောင်တဲ့ အချိန်တုန်းကပေါနော်။ ဒီအခုကျမတို့ “ဆိုရူးဖုဒူ”ဆိုတဲ့ကျောင်းက “မောလီးရို”ဆိုတဲ့ကျောင်းကနေ ခွဲထွက်လာတဲ့ကျောင်း ၂ ကျောင်းပေါ့နော်။ ကျမတို့ကျောင်း၂ကျောင်းကို ပြန်လည်ပေါင်းစည်းတဲ့ အနေနဲ့ Students Exchange ကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့” အဆိုပါ ဆရာမက ပြောပါတယ်။

“ဆိုရူးဖုဒူ”ကျောင်းမှာ ပညာသင်ကြားနေတဲ့ နဝမတန်းကျောင်းသူ မော်ဖိုးမြာကတော အခုလို Exchange ပြုလုပ်တာက သူ့အတွက် ပထမဆုံးအတွေ့အကြုံဖြစ်ပြီး အသိပညာဗဟုသုတတွေ တိုးပွားလာတယ်လို့ အခုလိုပြောပါတယ်။

“ကျမ အတွက် သူငယ်တန်းကနေ အခုထိ Exchange လုပ်တယ်ဆိုတာ တစ်ခါမှတော့ မကြုံဖူးသေးဘူး။ဒါက ပထမဆုံးပဲပေါ့နော်။တော်တော် စိတ်လှုပ်ရှားစရာလည်းကောင်းတယ်။ အသိပညာ ဗဟုသုတတွေလည်း တိုးလာတယ်ပေါနော်။ အဓိက သူတို့ရည်ရွယ်ချက်ကလည်း ကျောင်းသူကျောင်းသားတွေကို စွမ်းရည်မြင့်တင်ပေးဖို့အတွက်ပဲပေါ့နော်။ အားကစားပိုင်းမှာကော ပညာရေးပိုင်းမှာကော အရမ်းကိုကောင်းပါတယ်”လို့ မော်ဖိုးမြာက ပြောပါတယ်။

“မောလီးရို” ကျောင်းမှာ ပညာသင်ကြားနေတဲ့ နဝမတန်းကျောင်းသူ မော်စိုးမြာကလည်း ကရင်နီပြည်မှာ ရှိတဲ့ ကျောင်းတိုင်း အချင်းချင်းရင်းနှီးစေလိုတာကြောင့် Students Exchange ပြုလုပ်ပေးသင့်တယ်လို့ ပြောဆိုသွားပါတယ်။

“ဖြစ်နိုင်ရင်ပေါ့နော ကရင်နီပြည်မှာရှိတဲ့ ကျောင်းတိုင်းကိုလည်း Exchange တွေ လုပ်ခိုင်းစေချင်တယ်ပေါနော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဓတ်တွေက ချစ်ကြည်ရေးရရှိစေဖို့ Exchange တွေ များများ ပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်”လို့ မော်စိုးမြာက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ