spot_img
21.3 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)တပ်ရင်းအမှတ်-၉၄၂၄ရဲ့ (၁)နှစ်ပြည့်အခမ်းအနား ပြုလုပ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)တပ်ရင်းအမှတ်-၉၄၂၄ရဲ့ (၁)နှစ်ပြည့်အခမ်းအနား ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး / ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်ရင်းအမှတ် – ၉၄၂၄ ရဲ့( ၁)နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ ၂၃ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

KPLA အမှတ် -၉၄၂၄ရဲ့ တစ်နှစ်ပြည့်အခမ်းအနားကို ပြုလုပ်နိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပြီး လူထုတွေအနေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ လက်တွဲပြီးအာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားနိုင်ဖို့ KPLAတပ်ရင်းအမှတ်- ၉၄၂၄ မှတပ်ရင်းမှူး မူကီက ပြောပါတယ်။

“ကျနော်တို့ရဲ့တော်လှန်ရေး ကလလတ ၊ ကျနော်တို့စစ်အာဏာရှင်ကို ပြန်လည်ခုခံတာ ကျနော်တို့တပ်ရင်းအနေနဲ့ဆို တစ်နှစ်ပြည့်သွားပြီပေါ့နော ၊ဒါကြောင့် ကျနော်တို့ဒီကနေ့ တစ်နှစ်ပြည့်မြောက် အခမ်းအနားလုပ်ရတာ အရမ်းဝမ်းသာဂုဏ်ယူတယ် ၊ အဓိကတော့လူထုရဲ့ပါဝင်မှုကြောင့်ပဲ ကျနော်တို့ဒီနေ့ထိရပ်တည်နိုင်တာလို့ပဲ ခံယူပါတယ် ၊ဆက်လက်ပြီးတော့လည်း လူထုတွေ ကျနော်တို့ရဲ့အဖွဲ့အစည်း၊ တပ်ပေါင်းစုအားလုံးနဲ့အတူ ပါဝင်ပြီး တော်လှန်ရေးကို အကောင်းဆုံးကျနော်တို့လုပ်နိုင်အောင် ၊အကောင်းဆုံးကျနော်တို့ကူညီထောက်ပံ့နိုင်အောင်၊ အကောင်းဆုံးကျနော်တို့ တော်လှန်ရေးအဖွဲ့နဲ့ လက်တွဲနိုင်ဖို့အတွက် ပြည်သူလူထုကို ပြောကြားချင်ပါတယ်” လို့ သူကပြောပါတယ်။

အခမ်းအနားမှာတော့ တပ်သားများ စစ်ရေးသရုပ်ပြခြင်း၊ အလံတော်အား အလေးပြုခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ မဟာမိတ်အဖွဲ့အစည်းများမှ ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

KPLAမှတာဝန်ရှိသူများ၊ KPLA တပ်ဖွဲ့ဝင်များ၊ KNPP ၊ KNDF၊ KNPDP ၊ Hpruso PDF၊ နေပြည်တော်အလယ်ပိုင်းတိုင်း PDF၊ တပ်ပေါင်းစုများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ