spot_img
26.2 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းမိုးဗြဲ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ကလေး ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ်တွေမှာ အရေပြား ယားယံမှု‌တွေ အဖြစ်များ

မိုးဗြဲ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ကလေး ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ်တွေမှာ အရေပြား ယားယံမှု‌တွေ အဖြစ်များ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ မိုးဗြဲ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကလေးတွေ ဖြစ်တဲ့ ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေဟာ အရေပြာယားယံဖြစ်ပွားမှုတွေအဖြစ်များသလို ရာသီတုပ်ကွေး၊ ချောင်းဆိုးနေတာတွေလဲ ရှိတယ်လို သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းတွေမရှိပါဘူး။ စစ်ရှောင်ရင်းနဲ့ ဆေးရောင်းနေတဲ့ ဆေးဆရာမ တစ်ဦးဆီကိုပဲ လာ‌ရောက်ကုသကြတယ်လို စစ်ရှောင် ကူညီသူ တစ်ဦးကပြောပါတယ်။

“စစ်ရှောင်မှာလဲ ဆေးဆရာမတစ်ဦးရှိတယ်။ သူကစစ်ရှောင်ရင်းနဲ့ ဆေးရောင်းတာပေါ့နော်။ အဲ့လောက်ပါပဲ အများလဲ အရမ်းနဲ့ မစားပါဘူး။ အတတ်နိုင်ဆုံးတော့ သူရောင်းပေးတာပေါ့နော် အဲ့တာတော့ရှိတယ်။ တော်တော်များတော့ အဲ့ဒီမှာပဲ လာပြတာပေါ့နော်။ အဲ့ဆေးဆရာမ မရှိရင်တော့ ပိဂိတ်တို့ သွားရမှာပေါ့နော် “ လိုသူကပြောပါတယ်။

အရေပြားရောဂါကို သက်ကြီးရွယ်အို တစ်ချို့တွေမှာလည်း ဖြစ်ပွားနေတာရှိပါတယ်။ ဖြစ်လာတဲ့ လက္ခဏာတွေမှာ လက်တွေ ယားယံတာ၊ ခြေထောက်‌တွေ ယားယံတာအပြင် ဦးခေါင်းတွေမှာလဲ အဖု‌တွေထွက်နေတာတွေလဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“တစ်ကိုယ်လုံးပေါ့နော် လက်မှာကော ဒီ ခန္ဓာကိုယ်မှာ‌ကော တစ်ချို့က ခေါင်းမှာတောင်မှ အဖုထွက်တယ်ပေါ့နော်။ သူတို့ဟာ ယားလားဆိုတော့ ယားတယ်ပေါ့နော်။ နေလို့ဆင်မပြေဘူး။ သူဟာကအဲ့လို လက်က္ခဏာ ပြတာပေါ့နော်။” လို့သူကပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၉၀ကျော်ရှိနေပြီး လူဉီးရေစုစုပေါင်း ၃၄၀ကျော် ရှိနေတယ်လို သိရပါတယ်။ အဆိုပါစစ်ရှောင်စခန်းမှာ ဖယ်ခုံ၊ မိုးဗြဲ ဘက်ကစစ်ရှောင်ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ