spot_img
19.6 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းဖရူဆိုမြို့နယ်မှာ ၃လတာ ကယားရိုးရာဂျပ်ခုတ် သင်တန်းဆင်းပွဲပြုလုပ်

ဖရူဆိုမြို့နယ်မှာ ၃လတာ ကယားရိုးရာဂျပ်ခုတ် သင်တန်းဆင်းပွဲပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကယားစာပေ နှင့် ဒေသဖွံ့ဖြိုးရေးလူမှုအသင်းအဖွဲ့တစ်ခုကနေ ဆောင်ရွက်တဲ့ အခြေခံ ကယားရိုးရာ ဂျပ်ခုတ်သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ၃ လကြာ သင်ကြားပေးခဲ့တာပါ။

“ကယားစာပေနှင့် ကယားတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပိုမိုထွန်းကားစေရန် ” ရည်ရွယ်ချက်နဲ့ သင်တန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သင်တန်းကာလ ၃ လအတွင်းမှာတော့ ကယားရိုးရာအင်္ကျီ ၊ ကယားရိုးရာအထည်၊ ထမီ ဂျပ်ခုတ်နည်းကို သင်ကြားပေးခဲ့ပါတယ်။

အဆိုပါ ကယားတိုင်းရင်းသား ရိုးရာအထည် ဂျပ်ခုတ်လုပ်ငန်း သင်တန်းကို ကိုယ်ပိုင်ဖန်တီးပြုလုပ်နိုင်ဖို့ ထူးချွန်သူများကိုလည်း အပ်ချည်ပေးအပ်ခဲ့ပါတယ်။

၃လကြာ အခြေခံဂျပ်ခုတ်သင်တန်းမှာ သင်တန်းသားတွေ ကိုယ်တိုင် ရက်လုပ်ထားတဲ့ ဂျပ်ခုတ်အထည်များကို ဝတ်ဆင်ထားကြတာကိုလည်း တွေ့ရပါတယ်။ ၃လတာ ဂျပ်ခုတ် သင်တန်းကို ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာနှစ်ရွာမှ အမျိုးသမီး ၁၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာတစ်ဦးကနေ ဦးဆောင်သင်ကြားပေးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ