spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ ပြင်းထန်တဲ့ ရာသီတုပ်ကွေးအဖြစ်များ၊ ဆေးဝါး‌အကူညီလိုအပ်နေ

ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ ပြင်းထန်တဲ့ ရာသီတုပ်ကွေးအဖြစ်များ၊ ဆေးဝါး‌အကူညီလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ ပြင်းထန်တဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာ နှစ်လကျော်ရှိနေပြီး ဆေးဝါးမလုံလောက်တဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ ဝယ်ဒူလျား စစ်ရှောင်ကော်မတီတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ရာသီတုပ်ကွေးလို့ပဲ သိထားတာ။ မိုးကုန်လို့ ဆောင်းပြောင်းလာလို့ အေးလာလို့လား မသိဘူးပေါ့နော။” လို့ သူက ပြောပါတယ်။

အဆိုပါ ပြင်းထန်ရာသီတုပ်ကွေးဟာ မိသားစုအလိုက် ကူးစက်မှုတွေရှိနေပြီး ယခုရက်ပိုင်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။

“ကျောင်းမတက်နိုင်တဲ့ ကလေးက ထက်ဝက်ကျော်ရှိတယ်။ မိသားစုထဲ ဖြစ်ရင် အကုန်ကူးတာလေး၊ ဆရာမတွေပါ ကူးစက်ခံရတယ်။” လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကတည်းက ရာသီတုပ်ကွေး စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြင်းထန်စွာ ခံစားနေရသူတွေကို ဆေးရုံ၊ ဆေးခန်းပြသနိုင်ဖို့ လမ်းခရီး ၇ နာရီ အချိန်ကြာ မောင်းနှင်ရတာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၅၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော်ရှိပြီး ကျောင်းသူ၊ကျောင်းသားဦးရေ ၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ