spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းတိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်နေတဲ့ ပင်လောင်းရောက် ကရင်နီစစ်ရှောင်တွေ အကူအညီလိုအပ်နေ

တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်နေတဲ့ ပင်လောင်းရောက် ကရင်နီစစ်ရှောင်တွေ အကူအညီလိုအပ်နေ

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက သွားရောက်တိမ်းရှောင်ကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ လတ်တလော တိုက်ပွဲဖြစ်ပွားမှုကြောင့် ထပ်မံတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆန်ရိက္ခာ အပြင် နေထိုင်ဖို့အတွက် အမိုးအကာ လိုအပ်နေပြီး ကူညီလှူဒါန်းတဲ့အဖွဲ့အစည်း မရှိသေးတာကြောင့် အခက်ကြုံနေကြပါတယ်။

“စားဖို့သောက်ဖို့က စားစရာအဆင်မပြေဘူးဗျ။ အလုပ်ကလည်း မရှိတော့ တော်တော်ခက်ခဲနေကြတယ်။ အလှူရှင် မရှိတာကြာပြီး ၂၀၂၄ ကစပြီး အခုအချိန်ထိပဲပေါ့နော်။ အသိတွေဆီက အရင်ချေးယူ စားသောက်နေကြရတယ်။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်တွေဟာ တစ်လေးလုံး စစ်ဆင်ရေးမတိုင်ခင် နဲ့ နောက်ပိုင်းမှာ လွိုင်ကော်၊ မိုးဗြဲ နဲ့ ဖယ်ခုံဘက်ကနေ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေဖြစ်ပြီး လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိနေကာ တိုက်ပွဲတွေကြောင့် နေရပ်ပြန်လို့ မရသေးဘူးလို့ ဆိုပါတယ်။

“အခုချိန် အခြေနေက ဆိုးတာထက် ဆိုးလာတယ်။ အလှူရှင်က နည်းလွန်းတော့ ရှေ့လျှောက်မှာက ငတ်လာဖို့ပဲရှိနေတယ်။”လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း- ဖယ်ခုံနယ်စပ်က ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊ လွယ်ဖွီး၊ ယာစပ်၊ နားမွန်း၊ နမ့်ဖာမူ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တွေအပြင် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အသုံးအဆောင်ပစ္စည်းတွေကို ကူညီလှူဒါန်းသူတွေ နည်းပါးလာတာကြောင့် အခက်အခဲရှိနေတဲ့အပြင် လတ်တလောမှာလည်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ ထပ်ဆင့် ပြန့်ကျဲတိမ်းရှောင်နေကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ