spot_img
15.3 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းတန်ဆောင်မုန်းလပြည့်ညမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ နေအိမ် ၃လုံးပျက်စီးခဲ့

တန်ဆောင်မုန်းလပြည့်ညမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ နေအိမ် ၃လုံးပျက်စီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ တန်ဆောင်မုန်းလပြည့်ညမှာ ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဖက်က ကျေးရွာတစ်ရွာကို စစ်ကောင်စီကနေပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ နေအိမ်ပျက်စီးမှုရှိခဲ့ပါတယ်။

အဆိုပါ ကျေးရွာအနီးအနားမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေယာဥ်လာကြဲသွားခဲ့တာဖြစ်တယ်လို့ Emergency Response Coordination Team အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ တမင်လာကြဲသွားတာပါ။ နေအိမ်သုံးလုံးပျက်စီးခဲ့တာပေါ့နော်။ အခြားထိခိုက်မှုတွေတော့ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေတွေကို ဂရုစိုက်နားစွင့်ပြီးနေကြပါဖို့ပြောချင်တယ်”လို့ သူက ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကို သတိထားနေထိုင်ကြဖို့ကိုလည်း အဆိုပါ Emergency Response Coordination Team အသင်းဝင်တစ်ဦးက တိုက်တွန်းထားပါတယ်။

လက်ရှိ ပင်လောင်းကနေ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖယ်ခုံ နဲ့ မိုးဗြဲမြို့မှာ ရောက်ရှိနေကြပြီး ရှမ်း-ကရင်နီနယ်စပ်အနီးအနားက ကျေးရွာတွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိနေတာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နဲ့ အနီးအနားမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ