spot_img
23.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းKNPDP မှ ခန့်အပ်သော ဗဟိုဦးစီးကော်မတီ (၇)ဦး နဲ့ နာယက ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းနားပြုလုပ်

KNPDP မှ ခန့်အပ်သော ဗဟိုဦးစီးကော်မတီ (၇)ဦး နဲ့ နာယက ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းနားပြုလုပ်

-

ကန္တာရ၀တီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ( KNPDP)မှ ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုဦးစီးကော်မတီ (၇) ဦးကို သူရကရဏ ဂုဏ်ထူးဘွဲ့အပ်နှင်းခြင်းနဲ့ နာယက ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ သဘာပတိ၊ နာယကများ၊ ဗဟိုဦးစီးကော်မတီများ၊ တပ်ဗိုလ်တပ်မှူးများ၊ ဧည့်သည်တော်များနေရာယူခြင်း၊ အလံတော်အား အလေးပြုခြင်းနဲ့ အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် နာယကများကျမ်းသစ္စာကျိန်ဆိုခြင်း၊ ခန့်အပ်ခံရသော ဗဟိုဦးစီးကော်မတီ ဥက္ကဌမှ ကတိသစ္စာရွတ်ဆိုခြင်း၊ ဗဟိုဦးစီးကော်မတီ(၇)ဦးမှ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ KNPDP ၏ သူရကရဏ အဆောင်အယောင်အပ်နှင်းခြင်းနဲ့ ခန့်အပ်လွှာပေးအပ်ခြင်း၊ သူရကရဏ အဆောင်အယောင် အနက်အဓိပ္ပာယ် ဖတ်ကြားခြင်း၊ KNPDP ဥက္ကဌမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားမှာ ဗဟိုဦးစီးကော်မတီ ဥက္ကဌအဖြစ် ဦးအောင်အောင်၊ ဒုဥက္ကဌအဖြစ် ဦးမြင့်မောင်မောင် အပါဝင် ကော်မတီ ၇ ဦးကို ခန့်အပ်ခဲ့တာပါ။

အခမ်းအနားကိုတော့ KNPP ၊ KNDF ၊ PDF ၊ KNPLF၊ KNPDPမှ တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ IEC ကြားကာလ တရားရေးဌာနမှ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ