spot_img
27.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းကရင်နီဒေသတွင်းရှိ ကလေးငယ်များ ခရစ္စမတ်မှာပျော်ရွှင်ဖို့ “မုန့်ဖိုးပေးစို့” ကမ်ပိန်းပြုလုပ်နေ

ကရင်နီဒေသတွင်းရှိ ကလေးငယ်များ ခရစ္စမတ်မှာပျော်ရွှင်ဖို့ “မုန့်ဖိုးပေးစို့” ကမ်ပိန်းပြုလုပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ‌ဒေသအတွင်းက စစ်ဘေးရှောင် ကလေးတွေအတွက် ကံစမ်းမဲ လက်ဆောင်ပေးတဲ့အစီအစဥ်တွေ ပြုလုပ်သွားမှာဖြစ်တာကြောင့် ခရစ္စမတ်မှာကလေးတွေ ပျော်ရွှင်ဖို့ “မုန့်ဖို့ပေးစို့” ကမ်ပိန်းကို ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအသင်းက ပြုလုပ်နေပါတယ်။

ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ခရစ္စမတ်ပွဲမှာ စစ်ရှောင်စခန်းက ကလေးတွေ ပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းအစီအစဥ်ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကမ်ပိန်းတာဝန်ခံ ကိုပြည့်စုံက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ပွဲကာလတွေမှာ လူကြီးတွေလည်းပျော်ကြသလိုပေ့ါနော် ကလေးတွေကိုလည်း ဒီလိုလေးတွေပျော်ရပါလားဆိုတဲ့ ခံစားမှုလေးပေးချင်တယ်။ လက်ဆောင်တွေအပြင် စားစရာတွေ တိုက်ကျွေးချင်တာရယ်။ ခရစ္စမတ်ကာလမှာ သူတို့လေးတွေပျော်ဖို့ စီစဥ်ပေးချင်တယ်ပေါ့နော်။”လို့ ကိုပြည့်စုံက ဆိုပါတယ်။

လူဦးရေများတဲ့ စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ လိုက်လံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး KG တန်းကနေ Grade-6 အထိ ကျောင်းနေအရွယ်ကလေးတွေကို ဦးစားပေး သတ်မှတ်ထားပါတယ်။

ကမ်ပိန်းကာလကိုတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၅ ၇က်နေ့ ၂၅ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ကလေးတစ်ဦးအတွက် ကျပ်ငွေ ၁သောင်းနှုန်း သတ်မှတ်ကာ ကလေးဦးရေ ၁ထောင် အတွက် မျှော်မှန်းထားတာပါ။

ကမ်ပိန်းအစီအစဥ်ကနေ ရရှိလာမယ့် အလှူငွေတွေကိုတော့ ကံစမ်းမဲအစီအစဥ်တွေ၊ အာဟာရတိုက်ကျွေးတာ၊ ရေခဲမုန့်နဲ့ ကိတ်ခြောက်တွေအပြင် အချိုရည်နဲ့မုန့်တွေကို ပေးဝေသွားဖို့ စီစဉ်ထားတယ်လို့ ကိုပြည့်စုံက ဖြည့်စွက်ပြောဆိုထားပါတယ်။

စစ်ဘေးရှောင်ကလေးတွေအတွက် ရည်ရွယ်ပြီး ကမ်ပိန်းအစီအစဥ်ပုံစံမျိုးနဲ့ ပြုလုပ်တာ ယခုနှစ်အတွင်း ၃ကြိမ်ရှိပြီလို့ ဆိုပါတယ်။ လက်ရှိပြုလုပ်နေတဲ့ ကမ်ပိန်းကိုတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ