spot_img
19.5 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းကလိလျားကျေးရွာမှာ နှစ်လအတွင်း ဝက်အကောင်ရေ (၅၀) ကျော် အနာကျသေဆုံး

ကလိလျားကျေးရွာမှာ နှစ်လအတွင်း ဝက်အကောင်ရေ (၅၀) ကျော် အနာကျသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆို နဲ့ ဘောလခဲမြို့ အစပ်မှာရှိတဲ့ တော်ခူကျေးရွာအုပ်စု ကလိလျားကျေးရွာမှာ ဒေသခံတွေ လွတ်ကျောင်းစနစ်နဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်တွေဟာ နှစ်လအတွင်း သေဆုံးတဲ့ ဝက်အကောင်ရေ (၅၀) ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်း ဝက်သေဆုံးမှုရှိနေတာဖြစ်ပြီး လက်ရှိမှာလည်း ဝက်နာကျတဲ့ အကောင်ရေ များတယ်လို့ ဆိုပါတယ်။

“ဝက် တအားသေနေတယ်၊ သူ့ လက္ခဏာက ဓာတ်ချုပ်တဲ့ သဘောမှာ ရှိနေတယ်။ အစာမစားနိုင်တော့ သေတာပေါ့။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လွတ်ကျောင်းစနစ်နဲ့ ဝက်ကို မွေးမြူထားတာကြောင့် ဝက်အနာကျတာ ကူးစက်မှုရှိနေပြီး ကုသဖို့ တိရစ္ဆာန်ဆရာဝန် နဲ့ တိုက်ကျွေးဖို့ ဆေးဝါးမရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဒေသခံတွေဟာ စားဝတ်နေရေး နဲ့ အိမ်သုံးစရိတ်အတွက် ဝက်ကို မွေးမြူထားပြီး ရောင်းချကြတာဖြစ်ပါတယ်။ အခုလို ဝက်နာကျပြီး သေဆုံးမှု များတာကြောင့် ဒေသခံတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။

“၅၀ ကျော်တယ် သေတာများတာပေါ့။ တချို့မိသားစုဆို ဝက်က ၁၀ ကောင်လောက်သေနေတာ။ တချို့က ခြုံထဲမှာ သွားသေ၊ အနံ့ရလာမှ သိရတာလည်း ရှိတယ်”လို့ ဝက်မွေးမြူသူ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ကလိလျားကျေးရွာမှာ အခုလို ဝက်နာကျပြီး သေဆုံးမှု များပြားတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါကျေးရွာမှာ အိမ်ခြေ ၈၄ အိမ်ရှိပြီး၊ လူဦးရေ ၄၀၀ ကျော် ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ