spot_img
27.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းSSLRU တပ်ပေါင်းစုကနေ တပ်အသွင်နဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ဆို

SSLRU တပ်ပေါင်းစုကနေ တပ်အသွင်နဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ဆို

-

ကန္တာရ၀တီတိုင်း (မ်)

ရှမ်းပြည်တောင်ပိုင်းကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ ရှမ်းပြည် ( တောင်ပိုင်း ) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ( SSLRU ) ဟာ တပ်‌ပေါင်းစုကနေ တပ်တစ်တပ်အသွင်အနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ရှိမယ်လို့ SSLRU ရဲ့ ဒုတပ်ရင်းမှုး ကိုနေအောင် က ဆိုပါတယ်။

“စပြီးတော့ ဖွဲ့စည်းတဲ့အချိန်မှာတော့ ကျနော်တို့ တပ်ဖွဲ့ ၅ ဖွဲ့နဲ့ စပြီးတော့ ဖွဲ့စည်းတယ် တပ်ပေါင်းစုအသွင်ကို ကျနော်တို့ ယူတယ်။ ဒီနှစ်နှစ်ပြည့်ကနေစပြီးတော့ ဒီတပ်တစ်တပ်ထဲနဲ့ ကျနော်တို့ သွားဖို့ရှိတယ်။ ဆိုတော့ ဒီ SSLRU သည် ဒီ တပ်ပေါင်းစုကနေ တပ်အသွင်ကိုတော့ ကျနော်တို့ ပြောင်းပြီပေါ့နော။ အဲဒီအချိန်မှာတော့ အဖွဲ့ဝင်ဖြစ်တဲ့ ကြိုးဖြူအဖွဲ့ကတော့ သူတို့ရဲ့ ဒေသဖြစ်တဲ့ ရှမ်းတောင်ဒေသအတွင်း တစ်နေရာကိုတော့ သူတို့အလုပ်လုပ်ဖို့အတွက် ကြိုးစားကြတယ်။ ဒါကလည်း ကျနော်တို့နဲ့ အကျိုးအကြောင်း ဘားမှ ပြဿနာတော့မရှိဘူး။ သူတို့ရဲ့ ဦးတည်ရာ စစ်ရေးရည်မှန်းချက်ကိုသွားတယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ ဦးတည်ရာ ရည်မှန်းချက်ကို သွားတယ်ပေါ့နော။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် ကျနော်တို့က လက်တွဲညီညီနဲ့ ပြန်ပြီးတော့ စုဖွဲ့တယ်။ တချို့ ကဏ္ဍတွေကတော့ ပူးတွဲလုပ်ဆောင်နေတာကတော့ ရှိပါတယ်ခင်ဗျ။” SSLRU ရဲ့ ဒုတပ်ရင်းမှုး ကိုနေအောင် က ဆိုပါတယ်။

SSLRU တပ်ပေါင်းစုဟာ Force 36 Ranger၊ Joe Phyu Guerillas Force ၊ YE-NGAN Urban Guerillas ၊ Urban Task Force- Aung Ban ၊ Red Ants Guerillas Force စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းစုဖွဲ့ထားတာ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ နှစ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

တပ်ပေါင်းစုအနေနဲ့ နှစ်နှစ်ကာလအတွင်းမှာ ရှမ်းတောင်က တော်လှန်ရေးတပ်ဖွဲ့တွေအပြင် ကရင်နီက တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KNDF ဗျူဟာ ( ၂ ) နဲ့ လည်း စစ်မြေပြင်တွေမှာ အတူပူးတွဲ တိုက်ခိုက်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးကာလမှာ ပြည်သူလူ‌ထုတွေအနေနဲ့လည်း အားတင်းထားဖို့ကို SSRUL ရဲ့ နှစ်နှစ်ပြည့်မှာ ဒုတပ်ရင်းမှူး ကိုနေအောင်က အခုလိုပြောပါတယ်။

“ပြည်သူလူထုကို သတင်းစကားပါးရရင်တော့ တောင့်ခံပေးဖို့ပဲ ကျနော်တို့ပြောချင်တယ်။ဘာလို့လဲဆိုတော့ စစ်နိုင်ရေးကို ဦးစားပေးရတာဖြစ်တဲ့အတွက် စစ်‌နိုင်ရေး side effect(ဘေးထွက်ဆိုးကျိုး) အနေနဲ့ပြည်သူလူထုတွေ ထိခိုက်တယ်၊လူထုနစ်နာတယ်၊လူထုဆုံးရှုံးတာတွေတော့ ဖြစ်တာပါ့လေ။ကျနော်တို့အနေနဲ့ အမှာ စကားပါးချင်တာကတော့ ပြည်သူလူထုသည် ကျနော်တို့ တိုက်ပွဲအောင်ဖို့ နည်းပါပဲ။ပြည်သူလူထုကို အမှာစကားပါးချင်တာကတော့ ကျနော်တို့အများကြီးကြိုးစားပါ့မယ် အရင်ကထက်လည်း ပိုပြီးကြိုးစားပါ့မယ်။အဲ့ကြောင့်ပြည်သူလူထုများတောင့်ခံပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

SSLRU ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်အခမ်းအနားမှာ‌ေတာ့ SSLRU မှ တပ်ရင်းမှုး ၊ KNDF ဗျူဟာ (၂) ဗျူမှုးမှ အမှာစကားများ ပြောကြားတာ သ၀ဏ်လွာများ ဖတ်ကြားခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ နှစ်နှစ်တာအတွင်း SSLRU မှာ ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်(၈)ဦးထိရှိခဲ့ပြီလို့လည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ