spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ မိုဆိုဖြစ်စဥ် တရားမျှတမှုရရှိဖို့ မိသားစု၀င်တွေ မျှော်လင့်

အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ မိုဆိုဖြစ်စဥ် တရားမျှတမှုရရှိဖို့ မိသားစု၀င်တွေ မျှော်လင့်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ သုံးနှစ်တိတိပြည့်ပြီဖြစ်ပြီး အဲ့ဒီဖြစ်စဥ်အပေါ် တရားမျှတမှု ရရှိဖို့ မိသားစု၀င်တွေနဲ့ ဒေသခံ တွေက မျှော်လင့်နေကြပါတယ်။

“ဒီဖြစ်စဥ်က ဒီရာသီရောက်မှ သတိပြန်ရတာမဟုတ်ဘဲနဲ့ အမြဲတမ်း ကျမတို့ရင်ထဲမှာရှိတယ်။ ဘာမှမဟုတ်ပဲ အသက်ပေးသွားရသူက ပေးသွားရပြီ။ ကျမတို့ကတော့ သူတို့အတွက် တရားမျှတမှုကို တမ်းတနေတုန်းပဲ” လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ဓနုဖြူတပ်ရင်း ခမရ (၁၀၈) တပ်ဖွဲ့ဝင်တွေက Save The Children ဝန်ထမ်းနှစ်ဦး၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်လေးဦး နဲ့ ကလေးငယ်အပါအ၀င် ဒေသခံ ၄၀ ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ကရင်နီအတိုင်ပင်ခံကောင်စီ KSCCနဲ့ ကရင်နီပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတို့က စုပေါင်းပြီး စစ်ကောင်စီရဲ့ ကျူးလွန်မှုကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သက်သေအထောက်အထားနဲ့တကွ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အစဥ်တစိုက်လုပ်ဆောင်နေတယ်လို့လည်း KSCCက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မိုဆိုဖြစ်စဉ် ၃ နှစ်မြောက် အောက်မေ့ဖွယ်အနေနဲ့ ‌ဒေသခံတွေနဲ့ နစ်နာသူ မိသားစုဝင်တွေဟာ မီးရှို့ကျူးလွန်ခံရတဲ့နေရာမှာပဲ ခရစ်ယာန်ဘာသာရဲ့ အစဥ်အလာအတိုင်း ဝတ်ပြုဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ