spot_img
21.4 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းနန်းမယ်ခုံမြို့နယ်အတွင်းရှိ ဓတ်ဆီဆိုင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား

နန်းမယ်ခုံမြို့နယ်အတွင်းရှိ ဓတ်ဆီဆိုင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်း ဘုရားဖြူရွာအဝင် မုခ်ဦးအနီးမှာရှိတဲ့ ဓာတ်ဆီဆိုင်နဲ့ တခြားသောကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တန်းလျားတစ်ခု ယနေ့ ( ဒီဇင်ဘာ ၂၇ရက်နေ့) မွန်းလွှဲပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ နန်းမယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူထံကနေ သိရှိရပါတယ်။

“၂ နာရီဝန်းကျင်လောက်မှာ စလောင်တယ်။ မီးငြိမ်းသတ်နိုင်တာ ၃ နာရီ လောက်မှာ။ လူထိခိုက်မှုတော့ မရှိဘူး။ ပျက်စီးမှုတော့ ရှိတယ်။ ဆိုင်ခန်းတန်းလျားလေး၊ ဓတ်ဆီရောင်းတဲ့ ဆိုင်ခန်းတန်းလျား၊ ထရံကာအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တချို့။ အလှကုန်ပစ္စည်းတို့၊ အဝတ်အထည်ရောင်းတဲ့ဆိုင်တို့။ ပိုင်ရှင်ကတော့ တစ်ယောက်တည်းဘဲ။” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

ဖြစ်စဉ်မှာ ယနေ့ ( ဒီဇင်ဘာ ၂၇ရက်နေ့) မွန်းလွှဲပိုင်း ၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ဆိုင်တန်းလျားကို ဓာတ်ဆီလာထည့်တဲ့ စျေးဝယ်သူတစ်ဦးနဲ့ နောက်ထပ်တစ်ဦးက ဓာတ်ဆီစျေး လာရောက်မေးမြန်းချိန်မှာ ဆိုင်အတွင်းမှ ရုတ်တရက်မီးလောင်မှု ဖြစ်သွားခဲ့တာလို့ အဆိုပါ တာဝန်ရှိသူ ဆက်ပြောပါတယ်။

“နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရှေ့ဆက် ဒီလိုမဖြစ်အောင် ကျနော်တို့ အုပ်ချုပ်ရေးပိုင်းအနေနဲ့ကတော့ စာတွေဘာတွေ ထုတ်ပေးဖို့ ရှိတယ် ဆိုင်တိုင်း ဆိုင်တိုင်းကို။ မီး မပေါ့ဆအောင်ပေါ့နော်။” လို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ အတိအကျ မရှိရသေးဘူးလို့ ဆိုပါတယ်။ အဆိုပါ မီးလောင်မှုအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်းတစ်ထောင်ဝန်းကျင် ရှိတယ်လို့ သိရှိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ