spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းပီကင်းကျေးရွာ ထပ်မံ ဗုံးကြဲခံရ

ပီကင်းကျေးရွာ ထပ်မံ ဗုံးကြဲခံရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းက ပီကင်းကျေးရွာကို ဇန်နဝါရီလ ၃ ရက်နေ့ ၊ ညနေ ၅ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး-၂ ဦးဗညား က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် နေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ထိခိုက်မှုမရှိဘူးနော်။နေအိမ်တစ်လုံးပဲ ထိခိုက်ပျက်စီးသွားတယ်။ အဲ့လောက်ပဲရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်ခန့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပီကင်းကျေးရွာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာလည်း ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ အရပ်သားရှိရာနေရာတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဘယ်လိုပြောရမလဲ ခနခဏ အဒေါ်တို့ကို ကြောက်စိတ်လာပေးတာပေါ့နော။ တိုက်ပွဲလည်းမရှိဘူး သေနတ်သံလည်းမကြားရတဲ့နေရာကို လေယာဉ်နဲ့ လာကြဲတော့ ဘယ်သူမဆိုကြောက်ကြတာပေါ့။ ကားတံခါးသံကြားတာနဲ့လည်း စိတ်ကထိတ်လန့်နေတယ်။ ညညဆို ပို ဆိုးတာပေါ့နော အသံတွေကို နားစွင့်ပြီး အိပ်ရတာပေါ့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၅ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ၃ကြိမ် ၊ ရှမ်း – ကရင်နီနယ်စပ်က ပီကင်းကျေးရွာကို နှစ်ကြိမ်ခန့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ