spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဒီဇင်ဘာ တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၂၈ ဦးရှိတယ်လို့ NUG ထုတ်ပြန်

ဒီဇင်ဘာ တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၂၈ ဦးရှိတယ်လို့ NUG ထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူ (၂၈) ဦး ရှိတယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန က ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူတွေထဲ ဒုရဲအုပ် (၁) ဦးအပါအဝင် တပ်သား(၁၀)ဦး၊ ရဲ(၉)ဦး နဲ့ ပြည်သူ့စစ်( ၉)ဦး စုစုပေါင်း (၂၈) ဦးတို့ဟာ အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်လာသူ (၂၈) ဦးမှာ လက်နက်နှင့်တကွ ခိုလှုံလာသူ (၁၃) ဦး ရှိပြီး လက်နက်ယူဆောင် လာသူတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်နက်မျိုးစုံ (၁၃) လက်နဲ့ ခဲယမ်း မီးကျောက်တွေ ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တပ်သား ဦးရေ ( ၃၈၇၂ )ဦး ရှိပြီး ရဲ ( ၁၀၈၈၈ )ဦး စုစုပေါင်း (၁၄၇၆၀)ဦးရှိပါတယ်။ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း မှာတော့ တပ်သား ( ၄၂၅ ) ဦး နဲ့ ရဲ ( ၁၄၂ )ဦး စုစုပေါင်း ( ၅၆၇ )ဦး ရှိတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲက လက်နက်နဲ့ ဝင်ရောက်လာသူ ( ၂၁၀ )ဦး ရှိခဲ့ပြီး လက်နက်မျိုးစုံ ( ၂၂၈ ) လက်နဲ့ ခဲယမ်းကျည်မျိုးစုံ ( ၃၂၇၀၇ ) ခု ရရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ