spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းတစ်ရက်အတွင်း ဒီးမော့ဆိုမြို့ကို လက်နက်ကြီးအလုံးရေ ၁၀ကြိမ်ထက်မနည်း စစ်ကောင်စီ ပစ်ခတ်

တစ်ရက်အတွင်း ဒီးမော့ဆိုမြို့ကို လက်နက်ကြီးအလုံးရေ ၁၀ကြိမ်ထက်မနည်း စစ်ကောင်စီ ပစ်ခတ်

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ကနေ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လက်နက်ကြီးအလုံးရေ ၁၀ကြိမ်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၁နာရီဝန်းကျင်မှာ တစ်ကြိမ် ၊ ညနေ ၃နာရီဝန်းကျင်မှာ တစ်ကြိမ် အရပ်သားရှိရာနေရာတွေကို လက်နက်ကြီး ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။ လူထိခိုက်မှုမရှိပေမယ့် ကားနှစ်စီး ၊ ဈေးဆိုင်ခန်း ၊ အသုံးအဆောင်ပစ္စည်းတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ကျနော် နွားပစ်ဖို့ လောက်စာလုံး လုံးနေတော့ “ကလိန်း”ဆိုပြီး အသံကြားလို့ကြည့်လိုက်တော့ အဲ့ဒီအောက်မှာ အငွေ့ထွက်တယ်။ အဲ့ဒါနဲ့ တောင်အောက်အကွယ်နား သွားပုန်းလိုက်တယ်။” လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကို မြင်တွေ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာအနီးအနားကို လက်နက်ကြီး ၆ လုံးကျရောက်ခဲ့ပြီး တစ်လုံးမှာ ရွာထဲက မြေဩဇာနဲ့ ပိုးသတ်ဆေးရောင်းတဲ့အိမ်ဘေးမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကျေးရွာအပြင် နဲ့ လယ်ကွင်းတွေမှာ လက်နက်ကြီးကျရောက်တာကြောင့် ထိခိုက်မှုနည်းခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

” ဒီနားဆိုရင် ပေတစ်ရာနှစ်ရာ အဲ့လောက်ပဲရှိတယ်ထင်တယ်။ တချို့အစလည်း ဒီမှာနည်းနည်းရောက်တယ်။ ထိခိုက် ဒဏ်ရာတော့မရှိပါဘူး “လို့ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်တာကို မြင်တွေ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခုရက်ပိုင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းသလို စစ်ကောင်စီက လူထုတွေကို ကြောက်လန့်အောင် ရမ်းသန်းပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှု ၄ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ