spot_img
14.6 C
Loikaw
Monday 2, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းယခုနှစ် ဝဥ စျေးကောင်းရနေပေမယ့် ဝဥ ပြန်တူးဖော်နိုင်ဖို ဖရူဆိုဒေသခံများ အခက်တွေ့နေ

ယခုနှစ် ဝဥ စျေးကောင်းရနေပေမယ့် ဝဥ ပြန်တူးဖော်နိုင်ဖို ဖရူဆိုဒေသခံများ အခက်တွေ့နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းက ကျေးရွာအများစုဟာ အာဏာမသိမ်းခင်က ကျေးရွာတွေမှာ စိုက်ပျိုးထားကြတဲ့ ကိုယ်ပိုင် ဝဥခင်းတွေဟာ ပြန်လည်တူးဖော်ဖို့ အခက်တွေ့ကြရတယ်လို စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ဖရူဆိုမှာ စိုက်ပျိုးရေးကို စပါး၊ မြေပဲ အဓိက စိုက်ပျိုးကြပေမယ့် ဝဥကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်သူတွေ ရှိနေတယ်လို ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသတွင်းတိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြတာပါ။

“ဖရူဆို ရွာဘက်တွေမှာဆို ဝဥတော်တော် စိုက်ကြတယ်၊ ရွာတိုင်းလိုလို စိုက်ကြတာပေါ့နော၊ အခု စစ်ရှောင်လိုက်တော့ အဆင်မပြေတော့ဘူး၊ တချိုဆို ဝဥကို စီးပွားဖြစ် စိုက်ပျိုးတာလည်းရှိတယ်၊ စားဝတ်နေရေး အဆင်ပြေအောင် စိုက်ပျိုးတာရှိတယ်၊ အခုက စစ်ရှောင်လိုက်တော့ စိုက်ထားတဲ့ ဝဥတွေက ရွာမှာပဲ အကုန်လုံး ကျန်ခဲ့တော့ အရင်လောက်တော့ အဆင်မပြေတော့ဘူးပေါ့”ဟု ဆိုပါတယ်။

ဒီဇင်ဘာလမှာ စိုက်ပျိုးထားတဲ့ ဝဥတွေကို တူးဖော်ကြရတာဖြစ်ပြီး ယခု ဇန်နဝါရီလတွေမှာ စတင်ရောင်းချနေကြရတာပါ။

ဖရူဆို ကျေးရွာအတွင်းက ဝဥ စိုက်ပျိုးသူတွေဟာ ဒီမော့ဆိုမှ တစ်ဆင့် တောင်ကြီးဖက်ကို တင်ပို့ပြီး တရုတ် ပွဲစားများက ဝယ်ယူပေးတာဖြစ်တယ်လို ဆိုပါတယ်။

“ဒီးမောဆိုကနေ တစ်ဆင့် တောင်ကြီးပေါ့၊ အဲတာ ဝဥက အဓိက တရုတ်က မှာယူတာ။”လို့ ဝဥရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိ ဖရူဆိုမြိုနယ်အတွင်း ဝဥ အစို တစ်ပိဿာကို ၁၅၀၀ ကျပ်၊ အခြောက် တစ်ပိဿာကိုတော့ (၁၃၀၀၀)ကျပ် စျေးရှိနေပါတယ်။ ယခင်နှစ်မှာတော့ ဝဥအခြောက်တစ်ပိဿာမှာ (၆) ထောင်ကျပ်သာ ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ